Homeမြန်မာသတင်း
အလုပ်သမားကိုယ်စားပြု တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်မည်
အလုပ်သမားကိုယ်စားပြု တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်မည်
DVB
·
June 17, 2020
အလုပ်သမားတွေကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်ထွက်လာဖို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့ချုပ် ၁၄ ဖွဲ့စုပေါင်းပြီး တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးဝင်ပြိုင်ဖို့ ရှိနေပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်နဲ့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွေကနေ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့အတွက် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ဝင်ပြိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်ဆောင်ရတာဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအလိုက်မှာ အလုပ်သမား ဥပဒေပြုရေးကိစ္စရပ်တွေမှာ အလုပ်သမားတွေရဲ့ အသံတွေကို နားထောင်ပြီး ကိုယ်စားပြုလုပ်ကိုင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ မတွေ့ရှိခဲ့ရဘူးလို့ ယူဆတဲ့အတွက် အခုလို အလုပ်သမားအဖွဲ့တွေစုပေါင်းပြီး လုပ်ဆောင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့လည်း ကိုယ်စားလှယ်လောင်းတွေရွေးချယ်ဖို့ စတင် ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။
အလားတူ အလုပ်သမားအဖွဲ့ချုပ်တွေအနေလည်း အလုပ်သမားတွေကို ကိုယ်စားပြုမယ့် အလုပ်သမားအရေး ဆောင်ရွက်မယ့် ကိုယ်စားလှယ်တွေပေါ်လာဖို့ ရွေးချယ်မှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။
ဇာခြည်