ပေကျင်းတွင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုအနေဖြင့် စာသင်ကျောင်းများပြန်ပိတ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှု အဆင့်မြှင့်တင်တဲ့အနေနဲ့ ပြန်ဖွင့်လက်စ ကျောင်းတွေအားလုံးကို ရပ်ဆိုင်းပြီး အွန်လိုင်သင်တန်းတွေပဲ ပြန်လည်စတင်မယ်လို့ မြို့တော် တာဝန်ရှိသူတဦးက ဇွန် ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပေကျင်းမှာ အရေးပေါ်အခြေအနေတုံ့ပြန်မှုအဆင့်ကို အဆင့် ၃ ကနေ အဆင့် ၂ အထိ တိုးမြှင့်လိုက်ပြီးနောက် အဆင့်အားလုံးက မြို့တော် ပညာရေးကော်မရှင်တွေအနေနဲ့ လိုအပ်သလို သီးခြားစီမံချက်တွေနဲ့ အမြန်လုပ်ဆောင်ခဲ့ကြပါတယ်။ စီမံချက်တွေအရ အခြေခံပညာနဲ့ အလယ်တန်းအဆင့်ကျောင်းအားလုံးဟာ ဇွန် ၁၇ ရက်ကစလို့  ကျောင်းပိတ်မှာဖြစ်ပြီး အွန်လိုင်းသင်တန်းတွေ ပြန်စပါမယ်။ ကျောင်းသားတွေကို ဒီအကျပ်အတည်းကာလမှာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးမှာပါ။ စီနီယာအလယ်တန်းနဲ့ အထက်တန်းကျောင်းတွေလည်း အွန်လိုင်းသင်တန်းတွေနဲ့ ပြန်သင်ရမှာ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းသားတွေနဲ့ သက်မွေးပညာကျောင်းတွေက ကျောင်းသားတွေလည်း ဗုဒ္ဓဟူးနေ့ကစလို့ ကျောင်းတက်တာ ရပ်နားရမှာဖြစ်ပြီး အွန်လိုင်းနဲ့ အဝေးသင်စနစ်ပုံစံတွေနဲ့ သင်ကြားရမှာပါ။ မူကြိုကျောင်းတွေအားလုံးကိုလည်း ဗုဒ္ဓဟူးနေ့ကစလို့ ပိတ်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up