A d v e r t i s e m e n t With Us

LGBT များကို လုပ်ငန်းခွင်၌ ခွဲခြားဆက်ဆံမှုကာကွယ်ပေးရန်  အမေရိကန်တရားရုံးချုပ် ဆုံးဖြတ်

လိင်စိတ်ခံယူချက် ကွဲပြားသူတွေကို လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာကနေ ကာကွယ်ပေးတဲ့  အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်ချက်ကို  ဇွန်  ၁၅ ရက်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်က အမေရိကန်မှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုပြီးနောက်ပိုင်း LGBT အခွင့်အရေး လှုပ်ရှားမှုမှာ အထင်ရှားဆုံး အခိုက်အတန့်လည်း ဖြစ်ပါတယ်။  ၁၉၆၄  ပြည်သူ့ရပိုင်ခွင့်များ အက်ဥပဒေ  အခန်း ၈ အရ လိင်စိတ်ခံယူချက် ကွဲပြားသူတွေကို လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာကနေ ကာကွယ်ပေးဖို့ အမေရိကန် တရားရုံးချုပ်က ၆ မဲ၊  ၃ မဲနဲ့ ဆုံးဖြတ်ခဲ့တာပါ။  အဲဒီ အက်ဥပဒေဟာ လိင်၊ လူမျိုး၊ အသားအရောင်၊ မွေးဖွားရာနိုင်ငံနဲ့ ကိုးကွယ်ရာ ဘာသာတရားတို့အပေါ် အခြေခံပြီး လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာကို တားမြစ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up