ပေကျင်းတွင် အသစ်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ် မူလရင်းမြစ် ဥရောပကဖြစ်ဟု တရုတ်ပညာရှင်ပြော

တရုတ်မြို့တော် ပေကျင်းမှာ အခုရက်ပိုင်းအတွင်း အသစ်တွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ဟာ တရုတ်ပြည်ပြင်ပက ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဇွန် ၁၅ ရက်နေ့က ပြောပါတယ်။ ပေကျင်းမှာ ဇွန် ၁၁ မှ ၁၄ ရက်နေ့အထိ လေးရက်အတွင်း အတည်ပြုလူနာအသစ် ၇၉ ဦး တွေ့ရှိခဲ့ပြီး အများစုဟာ  ရှင်ဖါဒီ လက်ကားဈေးကြီးကနေ ဆက်နွှယ်ကူးစက်ခဲ့တာလို့ ဆိုပါတယ်။ အခုအခါ ဈေးနဲ့ အနီးဝန်းကျင်နေရာတွေကို လော့ဒေါင်းချထားပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင်က ပေကျင်းမှာ ၅၆ ရက်ဆက်တိုက် ကိုဗစ်-၁၉ လူနာ တွေ့ရှိခဲ့ခြင်း မရှိဘူးလို့ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  တရုတ်ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC မှ ကပ်ရောဂါဗေဒပညာရှင် အကြီးအကဲ ဝူဇွန်းယူက အခု ပေကျင်းမှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ဗီဇပုံစံဟာ ဥရောပတိုင်းပြည်တွေမှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ဗီဇကို ညွှန်ပြနေပြီး၊ ပေကျင်းကို တရုတ်ပြည်ပြင်ပက ရောက်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ဒါဟာ ဥရောပတိုင်းပြည်တွေကနေ ရောက်လာတာလို့ မဆိုလိုကြောင်း လည်းပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up