လူမျိုးရေးမျှတမှုရရေး အမေရိကန်မြို့ကြီးများတွင် ဆန္ဒပြပွဲ

712
လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးပြီးနောက် လူမျိုးရေးတရားမျှတမှု ရရှိရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဇွန်လ ၁၄ ရက်ကလည်း အမေရိကန် မြို့ကြီး အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။
ဆန်ဖရန်စ္စစကိုမှာဆိုရင် ဆန္ဒပြယာဉ်တန်းတခုဟာ အောက်ကလန်ဘေး တံတားပေါ်မှာ ၂ နာရီကြာအောင် ပိတ်ဆို့ ဆန္ဒပြခဲ့ပါတယ်။
ဒက်ထရွိုက်မြို့မှာလည်း ဆန္ဒပြသူတွေဟာ လမ်းတွေပေါ် ချီတက်ခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ်မှာတော့ ဆန္ဒပြချီတက်သူတွေ သောင်းချီခဲ့ပြီး ချီကာဂိုမှာလည်း လူမည်း အရေးလှုပ်ရှားမှု ကြွေးကြော်သံတွေနဲ့ ဆန္ဒပြသူတွေ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြသူတွေတောင်းဆိုတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဇွန် ၁၄ ရက်က သူ့ရဲ့တွစ်တာစာမျက်မှာ ဝေဖန်ခဲ့ပါတယ်။
သူက ဒီမိုကရတ်အမတ်တွေကို အပြစ်တင်ခဲ့ပြီး ရဲဌာနတွေကို ရန်ပုံငွေမချပေးဖို့နဲ့ ဖျက်သိမ်းစေချင်နေကြတာဟာ ရူးနှမ်းတာလို့ ရေးခဲ့တဲ့အကြောင်း ရိုက်တာမှာ ဖော်ပြထားပါတယ်။