ပေကျင်းတွင် အတည်ပြုလူနာ ၇၉ ဦး ထပ်တွေ့၊ အရေးပေါ်အစီအစဉ်များ ချမှတ်

တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ ဒုတိယမြောက်နေ့အဖြစ် ဇွန် ၁၄ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထပ်တွေ့ခဲ့ရတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အရေးပေါ်အစီအစဉ်တွေ ချမှတ်တုံ့ပြန်နေရပါတယ်။  လက်ရှိ ပြန့်ပွားမှုဟာ ရှင်ဖာဒီလက်ကားဈေးကနေ စတင်ပြန့်ပွားတာပါ။ ဒီဈေးဟာ အာရှရဲ့အကြီးဆုံး လက်ကားဈေးကြီးဖြစ်ပြီး ကုန်လှောင်ရုံတွေနဲ့ ဈေးရုံတွေ အပါအဝင် ဧရိယာက ဘောလုံးကွင်း ၁၆၀ စာနီးပါး ရှိပါတယ်။  ဝူဟန်က ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ပင်လယ်စာဈေးထက်လည်း အဆ  ၂၀ ကြီးမားပါတယ်။  ဇွန် ၁၅ ရက်မှာ အတည်ပြုလူနာ ၃၆ ဦး ထပ်တွေ့ခဲ့ပြီး ဒါဟာ ၄ ရက်အတွင်း စုစုပေါင်း အတည်ပြုလူနာစာရင်းက ၇၉ ဦးရှိခဲ့ပြီလို့ ပေကျင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပေကျင်းမှာ ဇွန် ၁၄ ရက်နေ့က ဗိုင်းရပ်စ်စစ်ဆေးမှုကို လူပေါင်း ၇၆,၄၉၉ ဦးကို ပြုလုပ်ခဲ့ပါတယ်။  ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပေါ်ရာ ရှင်ဖာဒီ  ဈေးကလူပေါင်း ၈၉၅၀ ကို ဒီနေ့စစ်ဆေးရာမှာ  ၆၀၇၅ ဦးက ဗိုင်းရပ်စ်ကင်းစင်တယ်လို့ ပေကျင်းကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up