နိုင်ငံခြားသား ပြည်ဝင်ခွင့်ပိတ်ထားမှု ရုပ်သိမ်းမည့်အစီအစဉ် မဆုံးဖြတ်ရသေးဟု ဂျပန်ပြော

744
ဂျပန်အစိုးရအနေနဲ့ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ပိတ်ထားတာကို ပြန်ရုပ်သိမ်းမယ်ဆိုတာ မဟုတ်ဘဲ ဒီကိစ္စကို မဆုံးဖြတ်ရသေးဘူးလို့ ဇွန်လ ၁၅ ရက်မှာ နိုင်ငံခြားရေးဝန်ကြီး တိုရှိမစ်ဆု မွန်တေဂီက ပြောကြားလိုက်ပါတယ်။
ဂျပန်အစိုးရအနေနဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ်နဲ့ ထိုင်းတို့ဆီ စီးပွားရေးအတွက် အသွားအလာလုပ်တဲ့ စီးပွားရေးခရီးစဉ်တွေကို လာမယ့်လအနည်းငယ်အတွင်း အသွားအပြန်ခွင့် ပြုမယ်လို့ ယိုမီယူရီသတင်းစာမှာ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရဟာ အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားပြီး ပြည်ဝင်ခွင့်ပိတ်ထားတာ ဖြေလျှော့ဖို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက ပါလီမန်မှာ ပြောပါတယ်။
မိုတေဂီက သူ့အနေနဲ့ ဗီယက်နမ်၊ ဩစတြေးလျ၊ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သဘောတူညီမှုယူထားပြီး လိုအပ်တဲ့သူတွေကို ခရီးသွားလာခွင့်ပြုဖို့ ဖြစ်နိုင်ခြေကို ဆွေးနွေး နေတယ်လို့ ပြောပါတယ်။