ဘုရင်ဟောင်းရုပ်တုနေရာတွင် စပါးကစားသမားအယ်လ်ဒါဝီရယ်၏ရုပ်တု စိုက်ထူပေးရန် တောင်းဆို

872
ဘယ်လ်ဂျီယံနိုင်ငံ အီကီရန်မြို့ ဒေသခံတွေက မြို့မှာရှိနေတဲ့ ဘုရင်ဟောင်းရဲ့ ရုပ်တုနေရာမှာ သူ့ရုပ်တုကို ပြုလုပ်စိုက်ထူဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတယ်လို့ စပါးနောက်ခံလူ တိုဘီအယ်လ်ဒါဝီရယ်က ဝန်ခံခဲ့ပါတယ်။
အယ်လ်ဒါဝီယယ်ဟာ ဘယ်လ်ဂျီယံနိုင်ငံ အီကီရန်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး သူတို့မြို့မှာ ဘယ်လ်ဂျီယံ ဘုရင်ဟောင်းတဦးဖြစ်တဲ့ Leopold II ရဲ့ ရုပ်တုကို စိုက်ထူထားပါတယ်။
Leopold II ဟာ ၁၈၈၅ ခုနှစ်ကနေ ၁၉၀၈ ခုနှစ်အထိ ကွန်ဂိုမှာဖြစ်ခဲ့တဲ့ ရက်စက်မှုတွေကို ကြိုးကိုင်ခဲ့သူဖြစ်ပြီး ဘယ်လ်ဂျီယံမှာ ဖြစ်နေတဲ့ အသားအရောင်ခွဲခြားမှု ဆန္ဒပြပွဲအတွင်း ဒီရုပ်တုကို ဖယ်ရှားဖို့ ဒေသခံတချို့က ကြိုးစားလာပါတယ်။
ဆန္ဒပြသူတွေက နိုင်ငံရဲ့ကိုလိုနီအတိတ်ကို ဖယ်ရှားပေးဖို့ တောင်းဆိုလာကြတာကြောင့် ဒီရုပ်တုဟာ ဖယ်ရှားခြင်း ဒါမှမဟုတ် ဖျက်ဆီးခံရတော့မှာ ဖြစ်ပါတယ်။
ဘုရင်ရဲ့ ရုပ်တုကို ဖယ်ရှားလိုက်ရင် လွတ်သွားတဲ့နေရာမှာ အယ်လ်ဒါဝီယယ်ရဲ့ရုပ်တုကို အစားထိုးဖို့ ဒေသခံတချို့က တောင်းဆိုခဲ့ကြပြီး အခုဆိုရင် လက်မှတ်ရေးထိုး တောင်းဆိုသူပေါင်း ၉၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် စပါးနောက်ခံလူက “စသိသိချင်းတော့ ရယ်မိပါတယ်။ ဒါဟာ ဟာသတခုပါပဲ။ သူတို့ လက်မှတ်ရေးထိုး တောင်းဆိုတယ်ဆိုတာကလည်း သက်သက်အတည်ပေါက်ကြီးတော့ မဖြစ်နိုင်ပါဘူး။ ကျနော့်အနေနဲ့ကတော့ နည်းနည်းလေး ဂုဏ်ယူမိပါတယ်။ ဒီမြို့ဟာ ဘယ်လ်ဂျီယံမှာရှိတဲ့ မြို့ငယ်လေးတခုပါ။ ကျနော်ဟာ အသက် ၁၅ နှစ်အထိ အဲဒီမှာ နေခဲ့ပြီးတော့ လူငယ်ဘဝကိုလည်း အဲဒီမှာပဲ ကုန်ဆုံးခဲ့ပါတယ်။ သူတို့က ဒါကို အတည်ကြီး လုပ်မယ်ဆိုရင်တော့ ကျနော်ကတော့ No လို့ ပြောမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ ကျနော်ကိုယ်တိုင်လည်း ပါဝင်လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ လက်မှတ်ထိုးတဲ့လူရဲ့ ၈၀ ရာခိုင်နှုန်းကလည်း ကျနော့်သူငယ်ချင်းတွေပဲ ဖြစ်မှာပါ။ ကျနော်ဟာ ရုပ်တုလုပ်ပြီး ဂုဏ်ပြုခံရဖို့ ထိုက်တန်တဲ့လူ မဟုတ်တာကြောင့် ဒီကိစ္စကို ထောက်ခံမှာတော့ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
အယ်လ်ဒါဝီရယ်က အခုရှိနေတဲ့ ဘုရင်ရဲ့ရုပ်တုကို ဖယ်ရှားပေးဖို့ကိစ္စမှာ ပါဝင်မလိုခြင်း မရှိ ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပေမယ့် အရင်မျိုးဆက်တွေက လူတွေ လုပ်ခဲ့တဲ့ အမှားတွေ ကနေ သင်ခန်းစာယူဖို့ ကိစ္စကိုတော့ သဘောတူကြောင်း ပြောပါတယ်။
အယ်လ်ဒါဝီရယ်နဲ့ သူ့ရဲ့စပါးအသင်းဖော်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရပြီးနောက်ပိုင်း ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လာမယ့် သောကြာနေ့ ဇွန် ၁၉ ရက်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။