A d v e r t i s e m e n t With Us

“ကျနော်တို့ဟာ အဆုံးမရှိတဲ့ စစ်ပွဲတွေရဲ့ခေတ်ကို အဆုံးသတ်နေတယ်” – သမ္မတထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က “ခင်ဗျားတို့ရဲ့အလုပ်က အမေရိကန်ရဲ့ အသက်သွေးကြော အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ အဝေးက မြေတွေမှာ မဆုံးနိုင်တဲ့ စစ်ပွဲတွေကို မတိုက်ဖို့ပဲ” လို့ ကျောင်းဆင်းစစ်သည်တွေကို ကမ္ဘာကျော် ဝက်စ်ပွိုင့်စစ်တက္ကသိုလ် ကျောင်းဆင်းပွဲမှာ ဇွန် ၁၃ ရက်က ပြောပါတယ်။ ထရမ့်ဟာ ဂျာမနီက အမေရိကန်စစ်သည် ၉၅၀၀ ကို ပြန်ရုပ်သိမ်းပြီး ပိုလန်နိုင်ငံမှာ ပြောင်းရွှေ့တပ်ချဖို့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတာပါ။ အမေရိကန် စစ်သည်တယောက်ရဲ့ အလုပ်က နိုင်ငံခြားတိုင်းပြည် တည်ထောင်ဖို့ မဟုတ်ဘဲ ကိုယ့်နိုင်ငံကို နိုင်ငံခြားရန်သူတွေဆီကနေ အားကောင်းကောင်း ခုခံကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ထရမ့်က ကျောင်းဆင်းစစ်သည် ၁,၀၀၀ ကျော်ကို ပြောပါတယ်။ “ကျနော်တို့ဟာ အဆုံးမရှိတဲ့ စစ်ပွဲတွေရဲ့ခေတ်ကို အဆုံးသတ်နေတယ်”လို့ ထရမ့်က ပြောပါတယ်။ ထရမ့်ဟာ လူမည်း လက်နက်မဲ့အမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်လုံးကျွတ် ဆန္ဒပြမှုတွေကို ဖြိုခွဲဖို့ စစ်တပ်ကို သုံးသင့်သလားဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အမေရိကန်စစ်တပ် ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး တင်းမာနေပါတယ်။ အမေရိကန်မှာ လူမျိုးရေး မမျှတမှုအပေါ် စကားရည်လု ငြင်းခုံနေပေမယ့် ကျောင်းဆင်း စစ်သည်တွေဟာ အမေရိကန်ရဲ့ မတူကွဲပြားမှုအတွက် နမူနာပဲလို့ ထရမ့်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up