အမေရိကန်နိုင်ငံ ဝေါလ်မတ်စတိုးဆိုင်ဖောက်ထွင်းခံရမှု လူ ၁၀၀ ကျော်ကို စစ်ဆေး

1.1K
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က ဝေါလ်မတ်စတိုးဆိုင်ထဲ မေလနှောင်းပိုင်းက အတင်းဝင်ရောက် ဖောက်ထွင်းပြီး အုပ်စုလိုက်ပစ္စည်းတွေ လုယူသွားတဲ့ လူ ၁၀၀ ကျော်ကို စုံစမ်းရေးမှူးတွေက စစ်ဆေးနေပါတယ်။
ဒီလူတွေဟာ မေ ၃၀ ရက်ညနေခင်းမှာ အိစ်လက်ချာရိပ်သာလမ်းက ဝေါလ်မတ်စတိုး ဆိုင်ထဲကို လူစုလူဝေးနဲ့ ဝင်ရောက် ဖောက်ထွင်းပြီး ဒေါ်လာ ၁ သိန်းကျော်တန်တဲ့ ကုန်ပစ္စည်းတွေ ကို လုယက်ယူဆောင်သွားတာပါ။
လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ထဲမှာ လူတွေဟာ တံခါးကို အတင်း ဝင်ရောက်ချိုး ဖောက်ပြီး ကုန်ပစ္စည်းတွေကို အလုအယက် ယူငင်သွားတာ တွေ့ရပါတယ်။
လူမည်းဂျော့ဖလွိုက်အတွက် ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ပြားဖြစ်ပွားစဉ် အစောပိုင်းကာလမှာ အကြမ်းဖက်မှုနဲ့ လုယက်မှုတွေဖြစ်လို့ ဒီစတိုးဆိုင်ကို ပိတ်ထားရတာပါ။
ဒီအကြမ်းဖက်မှုဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဟေးလ်စ်ဘရော့ ခရိုင်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။