Home
မြန်မာသတင်း
တာဝန်ရှိသူများကို အကြောင်းမကြားဘဲ အိန္ဒိယမှ တမူးမြို့ ပြန်လာသူ ၆ ဦးအား တရားစွဲမည်
DVB
·
June 13, 2020
သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းမကြားဘဲ အိန္ဒိယကနေ မြန်မာနိုင်ငံ တမူးနယ်စပ်ကို ပြန်ဝင်လာသူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲအရေးယူဖို့ စီစဉ်နေတယ်လို့ တမူးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က DVB ကို ပြောပါတယ်။ အိန္ဒိယကနေ ခိုးဝင်လာသူတွေဟာ ချင်းပြည်နယ်က ဖြစ်ပြီး လက်ရှိမှာတော့ ဆေးရုံမှာထားရှိပြီး ကျန်းမာရေး ဓာတ်ခွဲအဖြေ ရရှိလာတဲ့ မူတည်ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။ ချင်း​ပြည်နယ်ကို ပြန်မယ့် အဲဒီ ၆ ဦးကို တမူးမြို့ချောင်း နက်ကြီးရဲကင်းအနီးက တမူးစေတီ သွားကားလမ်းပေါ်မှာ ရဲကင်းမှူး ဒုရဲအုပ်နိုင်မင်းထွန်းအဖွဲ့၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနက ဇွန်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိမှာ တရားဝင် လာနိုင်ဖို့ နှစ်ဖက်အစိုးရက လုပ်ဆောင်နေကြတယ်လို့ သိရတယ်။  ဒီတောအတွင်း တရားမဝင် ဝင်လာရင်တော့ အရေးယူခံရမယ်လို့ တမူးဒေသခံ ကိုဗစ်အရေးကူညီသူ ကိုအောင်သူချမ်းက ပြောပါတယ်။ ဇွန်လ ၁၂ ရက်နေ့က အ​​ထောက်အထားမဲ့ နယ်စပ်ဖြတ်ပြန်လာသူတွေဟာ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်ရှိ Phek Pfutsero မြို့ရှိ Baptist Theological College မှာ ပညာသင်ကြားနေတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ မေလဆန်းကစပြီး အိန္ဒိယနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့  ပြန်လာသူစုစုပေါင်း ၃၆၅ ယောက်ရှိပြီး အဲ့ဒီအထဲက ၄၅ ယောက် ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024