Live
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် တားဆီးရေးအမိန့် ဇွန် ၃၀ ရက်အထိ တိုးမြှင့်
DVB
·
June 13, 2020
ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ဇွန် ၁၅ ရက်အထိ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့်ကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။  အမိန့်ကြောညာချက်တွေထဲမှာ  လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။  အခုနောက်ပိုင်း ပြည်ပပြန်တွေကပဲ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ များပေမယ့် ပိုးကူးစက်ခံလူနာတချို့လည်း ကူးစက်တဲ့ ဇာစ်မြစ်ရှာမတွေ့တာတွေလည်း ရှိနေပါတယ်။  မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၅ ဦးထဲက ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024