Home
မြန်မာသတင်း
သရုပ်ဆောင် မင်းရာဇာ ရုံးပြောင်းလျှောက်ထားမှု ဇွန် ၂၂ ရက် အပြီးသတ်အမိန့်ချမည်
သူသူအောင်
·
June 13, 2020
သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးအပါအဝင် ၄ ဦး ရုံးပြောင်းလျှောက်ထားမှု လာမယ့် ဇွန် ၂၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းရာဇာ အိမ်က အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကြောင့် ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ ဧပြီ ၇ ရက်နေ့က သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူ အပါအဝင် ၄ ဦးတို့ကို ရွှေပေါက္ကံမြို့နယ် အမှုဖွင့်ခဲ့တာပါ။  တရားလိုဘက်က ရုံးပြောင်းလျှောက်ထားမှုနဲ့ပတ်သက်ပြီး လာမယ့်ဇွန်လ ၂၂ ရက်နေ့ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ ရှေ့ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးအောင်နေမျိုးက ပြောပါတယ်။ ဇွန် ၁၂ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင် မင်းရာဇာကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုစစ်ဆေးဖို့ ချိန်းဆိုထားပေမဲ့ တရားလိုဘက်က ပျက်ကွက်ခဲ့တာကြောင့် လာမယ့် ဇွန် ၁၉ ရက်နေ့ပြန်လည်ချိန်းဆိုထားပါတယ်။  အိမ်အကူမိန်းကလေးမိသားစု တရားလိုဘက်က နစ်နာကြေး သိန်း ၁၀၀ ပေးဖို့ တောင်းဆိုနေတယ်လို့ သရုပ်ဆောင်မင်းရာဇာက ဇွန် ၁၁ ရက် ရုံးထုတ်စစ်ဆေးမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သရုပ်ဆောင် မင်းရာဇာဟာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုရင်ဆိုင်နေရပြီး လာမယ့်ဇွန် ၁၉ ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားလိုသက်သေအပါအဝင် ၁၆ ဦး နဲ့စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024