Homeမြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁၈၀၄ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၁၅၈ ဦးကို ဆေးရုံဆင်းခွင့်ပြု
ဓာတ်ခွဲနမူနာ ၁၈၀၄ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၁၅၈ ဦးကို ဆေးရုံဆင်းခွင့်ပြု
DVB
·
June 13, 2020
မေ ၁၂ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှု ၁၈၀၄ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၁၃၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၉၈ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၂၄ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၈၀၄) ခုအား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၅ ဦးထဲက ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၄၂၀၀၀၀ ကျော်၊ ရောဂါသက်သာ ပျောက်ကင်းလာသူ ၃,၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။