အသစ်ချမှတ်လိုက်သည့်ပြုပြင်ပြောင်းလဲရေးများကို ပြင်သစ်ရဲများ ဆန္ဒပြ

1.1K
ပြင်သစ်နိုင်ငံတဝန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အစိုးရက မကြာမီက ချမှတ်လိုက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဇွန်လ ၁၁ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တော်တော်များများဟာ သူတို့ရဲ့ရဲစခန်းတွေရှေ့မှာပဲ လက်ထိပ်တွေ၊ အသုံး အဆောင်ပစ္စည်းတွေကို ပစ်ချပြီး ဆန္ဒပြခဲ့တာပါ။
ရဲက တရားခံဖမ်းဆီးရာမှာ လည်ပင်းကို သိုင်းဖက်ပြီး ချုပ်ဖမ်းတဲ့နည်းကို ပြည်ထဲရေး ဝန်ကြီးက ပိတ်ပင်လိုက်ပြီလို့ တနင်္လာနေ့က ကြေညာအပြီး ခုလို ဖြစ်လာတာပါ။
ပြင်သစ်ရဲဝန်ထမ်းသမဂ္ဂတွေကတော့ လက်နောက်ပြန်ချုပ်ပြီး ခေါင်းကို မြေကြီးမှာဖိပြီး ဖမ်းဆီးနည်းကို ပြန်သုံးခွင့်ပေးစေချင်နေပါတယ်။
ဒါပေမဲ့ အမေရိကန်မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲကဖမ်းဆီးစဉ်မှာ သေဆုံးခဲ့မှုနဲ့ ပြင်သစ်မှာလည်း ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ရဲကဖမ်းဆီးလို့ သေဆုံးခဲ့ရတဲ့ အဒါမာ ထရာအိုရေးနဲ့ စီဒရစ် ချော်ဗစ်တို့အတွက် ဆန္ဒပြပွဲတွေ ဖြစ်လာတာမို့ ပိတ်ပင်လိုက်တာပါ။
ဇွန် ၁၂ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက အစိုးရကို ကန့်ကွက်ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာဖို့ ရှိတယ်လို့ ရိုက်တာက ရေးပါတယ်။