ပုသိမ်မြို့တွင် ဘုရားနှင့် ဘာသာရေးဆိုင်အဆောက်အအုံများ ပြန်ဖွင့်ခွင့်ပြု
DVB
·
June 12, 2020
ဧရာဝတီတိုင်း ပုသိမ်မြို့က တန်ခိုးကြီးဘုရားတွေ၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတွေ၊ အစ္စလာမ် ဗလီတွေကို ပြန်ဖွင့်လှစ်ခွင့်ပြုထားတယ်လို့ တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ပုသိမ်မြို့မှာ တန်ခိုးကြီးဘုရား ၁ ဆူ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၈ ကျောင်းနဲ့ အစ္စလာမ် ဗလီ ၁၄ လုံးကို ဇွန်လ ၁၀ ရက်နေ့ တိုင်းဒေသကြီး ကိုဗစ်ကော်မတီ ခွင့်ပြုချက်အရ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီး သာသနာ့ရေးဦးစီးဌာနမှတဆင့် တန်ခိုးကြီးဘုရားနဲ့ ခရစ်ယာန်ဘုရားရှစ်ခိုး ကျောင်း၊ အစ္စလာမ်ဗလီတို့ကို စာထုတ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့ ဘုရားနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို တိုင်း ကိုဗစ်ကော်မတီက စည်းကမ်းချက်တွေ ထုတ်ပြန်အတိုင်း လိုက်လံစစ်ဆေးမှာဖြစ်ပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပြုပြီးချိန်မှာ စည်းကမ်းချက်တွေကို စဉ်ဆက်မပြတ်ကြည့်ရှုသွားဖို့ လမ်းညွန်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။