ကလေးဝမြို့တွင် တော့ကျင်တောင်ပြိုကျ၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 12, 2020
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ဇွန် ၁၁ ရက်နေ့ ည ၆ နာရီလောက်က တော့ကျင်တောင် ပြိုကျမှုဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တောင်ပြိုကျမှု ဖြစ်ပွားရာကို ကလေးဝမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တောင်ပြိုကျမှုကြောင့် ခရီးသွားပြည်သူ ကျား ၁ ဦး (မစိုးရ) နဲ့ မ ၁ ဦး(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိပြီး မြတ်ဒါန လူမှုကူညီရေးယာဉ်နဲ့ ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တောင်ပြိုမှုကြောင့် ခရီးသွားပြည်သူတွေ လမ်းပိတ်ဆိုမှုမဖြစ်စေရေးအတွက် လမ်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဇွန် ၁၁ ရက် ည ၈ နာရီမှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။