Home
မြန်မာသတင်း
ကော့သောင်းတွင် Quarantineနေရာ အခက်အခဲကြောင့် နေရပ်ပြန်လာသူများကို ခေတ္တဆိုင်းငံ့
DVB
·
June 11, 2020
ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာသူတွေကိုထားရှိမယ့် Quarantine စခန်းနေရာ အခက်အခဲကြောင့် နေရပ်ပြန်ဝင်လာမယ့်သူတွေကို ခေတ္တဆိုင်းငံထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။ ဇွန်လ ၁၀ ရက်က ထိုင်းနိုင်ငံ ဖူးကစ်ခရိုင်ကနေ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ကို ပြန်ဝင်လာတဲ့ ရွေ့ပြောင်းမြန်မာလုပ်သား ၄၁ ဦးကို ကြိုဆိုရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖူးကစ်ခရိုင်မှာ မြန်မာနိုင်ငံကို ပြန်လာဖို့ အမည်စာရင်းပါပြီးသားသူ အရေအတွက် ၁၄၁ ဦးရှိပေမဲ့ ပြန်လာခါနီးမှာ အလုပ်သမားသံအရာရှိက လူဦးရေ ကန့်သတ်လိုက်တာကြောင့် ၄၁ ဦးသာ ပြန်ရောက်လာတာပါ။ ကော့သောင်းရှိ စာသင်ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ Quarantine စခန်းတွေကို ပြန်အပ်လိုက်ရတာကြောင့် လတ်တလော Quarantine စခန်း ၄ ခုသာကျန်ရှိပြီး အဲဒီစခန်းတွေမှာ လူပေါင်း  ၂၂၆ ဦး ကို အသွားအလာကန့်သတ်စောင့်ကြပ်ထားရှိတာပါ။ ကော့သောင်းရှိ Quarantine စခန်းတွေနေထိုင်သူတွေအတွက် အစားအစာ အခက်အခဲ ရှိနေသလို မြိတ်နဲ့ ထားဝယ်မှာလည်း  အစားအသောက် အခက်အခဲရှိနေတာ ကြားသိရတယ်လို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။  “စခန်းမှာ ရှိတဲ့သူတွေကို အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ယူပြီး Negative ဖြစ်လို့ ပြန်လွှတ်ပြီးမှ နောက်တစ်သုတ်ကို ထပ်ခေါ်ဖို့ စီစဉ်နေပါတယ်။ အနည်းဆုံးတော့ ၁၀ ရက်လောက်တော့ ကြာနိုင်တယ်။” ကိုဗစ်-၁၉ ရောဂါဖြစ်ကာစ နယ်စပ်တွေပိတ်ပြီးကတည်းက  ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့်ပြန်လည်ဝင်ရောက်လာသူပေါင်း ၈၃၀ ကျော်ရှိသွားပြီလို့ မြို့နယ်လဝက စာရင်းအရ သိရပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024