မေသွန်းခသီဆိုသည့် “ခွေးမလေးမကိုက်တော့ဘူး”သီချင်း အွန်လိုင်းပေါ်နာမည်ကြီးနေ(ရုပ်သံ)

“ကိုကိုရေ... သိပ်ချစ်တဲ့ကိုကိုရေ… ခွေးမတို့ခြံထဲမှာလေ… ခရေတွေ စံပယ်တွေ… ပုန်းညက်နဲ့ ဇီဇဝါတွေ… နှင်းဆီနဲ့ ကံ့ကော်ပန်းတွေ… ယုဇနနဲ့ သနပ်ခါးပန်းတွေ… ပွင့် နေကြတာ မြင်လေတိုင်း… ဝေဒနာလှိုင်းက ရင်ထဲခုန်မပြေ… သက်ငယ်နုစ ပန်းကြိုက် မလေး ဘဝမှာလေ… ကေသာဆံလွှ ထုံးနောက်စမှာ… ကိုကိုကပဲ ပန်ပေးနေ… အခု တော့ ဒီပန်းတွေကို… ဘယ်သူ့ကိုများ ပန်ပေးနေသလဲလေ”

ဒါကိုကြားလိုက်တာနဲ့ မြန်မာသံသီချင်းတွေနဲ့ ရင်းနှီးကြီးပြင်းကြတဲ့ ပရိသတ်တွေ က နာမည်ကြီး သီချင်းတပုဒ်ရဲ့ တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

“ခွေးမလေးမကိုက်တော့ဘူး”လို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ မောင်ဆွေနွယ်က ရေးစပ်ပေးထားခဲ့ပြီး နာမည်ကြီး ဝါရင့်အဆိုတော်ကြီးတွေဖြစ်ကြတဲ့ မာမာအေး၊ ခင်ညွန့်ရည်တို့အပြင် တခြားသော အဆိုတော်ပေါင်းများစွာက ပြန်လည်သီ ဆိုခဲ့ကြပြီး ထင်ရှားတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ခုတခါမှာတော့ မေသွန်းခအမည်နဲ့ ဒီသီချင်းကို Smule အပလီကေးရှင်းမှတဆင့် ပိုင်ပိုင်နိုင်နိုင် သီဆိုဟန်ကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ရပါတယ်ကိုကို… လွယ်ပါတယ်ကိုကို… ပိုင်ပါတယ်ကိုကိုလို့… အချစ်ဝေဒနာရှင် အနေနဲ့… စစ်ကြေငြာချင်ပေမယ့် အခက်တွေပွေ… နာကျည်းချက် မုန်းတီးချက်တွေ… အမေမွေးစဉ်ကတည်းက… ပါမလာတော့လည်း ခက်ရပေ… ကိုကို့အနားဆီမှာ စကား ပလီပလာ… စကားရာထောင် မကြိုက်တဲ့အရာတွေ… အသားမနာအောင် ကိုက်တဲ့အခါ မလေ… ခွေးမလေးလို့ ခေါ်ခဲ့တာတွေ… သတိရသေးသလား… ပြန်လာခဲ့ပါကိုကိုရေ… ပန်းကလေးတွေ မပန်ရပေမယ့်… အလွမ်းလေးတွေ ပန်ရလေတဲ့… ခွေးမလေး မကိုက် တော့ဘူးလေ… ကံဘဝတာနည်း ကြံသမျှသာမွဲ ခြံဝမှာလည်း… ခွေးမကိုက်တတ်ပါဘူး ရယ်လို့… စာတန်းလေး ရေးထားတယ် ကိုကိုရေ”

       ပီသကြည်မြတဲ့ အသံနဲ့ မေသွန်းခသီဆိုထားတဲ့ ဒီသီချင်းကိုတော့ ဖေ့စ်ဘွတ်ခ်ပေါ် မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့ပြီး ချီးကျူးမှတ်ချက်ရေး သူ၊ ပြန်လည်မျှဝေသူတွေ များစွာရှိနေခဲ့ပြီး နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

 

       တေးသံရှင် မေသွန်းခအမည်နဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ တသိမ့်သိမ့်သူ၊ မေ့ဘဝ ခဏဘယ်သူယူပါ့မယ်၊ မောင့်အချစ်မြားစူး၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်စတဲ့ နာမည်ကြီးသီချင်းတွေနဲ့အတူ တခြားသီချင်းတွေကို သီဆိုမျှ ဝေထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up