Home
မြန်မာသတင်း
တရုတ်-မြန်မာ တရားမဝင်ကုန်သွယ်မှု ထိရောက်စွာ တားဆီးထိန်းချုပ်ရန် လိုအပ်
ခွန်ဇော်ဦး
·
June 11, 2020
အစိုးရအနေနဲ့ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က တရားမဝင်ကုန်သွယ်မှုတွေ ကို ဒီထက်ပိုပြီး ထိထိရောက်ရောက် တားဆီးထိန်းချုပ်ဖို့ လိုအပ်တယ်လို့ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ဇုံ ညွှန်ကြားရေးမှူးက တိုက်တွန်းပြောပါတယ်။ မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းကြီး နှစ်ခုဖြစ်တဲ့ မန္တလေး-မူဆယ် လမ်းကြောင်းနဲ့ သိန္နီ-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ နေ့စဉ်နဲ့အမျှ တရားမဝင် ကုန်သွယ်မှုတွေရှိနေပါတယ်။ ဒါ့ကြောင့် နိုင်ငံရဲ့ အခွန်ဘဏ္ဍာငွေတွေလည်း ရသင့်သလောက် မရဘူးဖြစ်နေတာကြောင့် အစိုးရအနေနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ဒီထက်ပိုပြီး ထိထိမိမိ တားဆီးထိန်းချုပ်ဖို့ လိုအပ် တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ဇုံရဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားလိုက်ပါတယ်။ မြန်မာဘက်ကနေ တရားမဝင်တင်ပို့တဲ့ ကျွန်သစ်၊ သစ်မာနဲ့ အခြားသစ်အမျိုးအစားတွေကို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ၁၂၂ တန်ကျော်ဖမ်းဆီးရမိပြီး အခုဘဏ္ဍာနှစ် အတွင်းမှာတော့ ၄၃ တန်ကျော်ဖမ်းဆီးရမိတယ်လို့ လားရှိုးမြို့နယ်သစ်တော ဦးစီးဌာနက သိရပါတယ်။ မူဆယ်နဲ့ တရုတ်ပြန် မှောင်ခိုလမ်းကြောင်းတွေမှာတော့ တွင်းထွက်ပစ္စည်း၊ သားရိုင်းတိရိစ္ဆာန် နဲ့သဘာဝသယံဇာတတွေကို အများဆုံးမှောင်ခိုတင်ပို့ပြီး တရုတ်ပြည်ဘက်ကတော့ စက်မှုထွက်ကုန် မျိုးစုံ၊ အိမ်သုံးပစ္စည်း၊ စားသောက်ကုန်နဲ့ အထည်အလိတ်တွေကို တရားမဝင်တင်သွင်းနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024