ချီလီတွင် ကိုဗစ်-၁၉ လူနာဦးရေ မြင့်တက်လာသဖြင့် လော့ဒေါင်းကာလထပ်တိုး

615
ချီလီနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ မြင့်တက်လာလို့ အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်းကာလကို ထပ်မံ တိုးမြှင့်လိုက်ပါတယ်။
ဇွန်လ ၁၀ ရက်ကဆိုရင် မြို့တော် ဆန်တီယာဂိုရဲ့ လမ်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ချထားပြီး လော့ဒေါင်းစည်းမျဉ်းတွေကို လိုက်နာဖို့ စောင့်ကြပ်နေပါတယ်။
ချီလီဟာ လက်တင်အမေရိကဒေသမှာ ကိုဗစ်-၁၉ လူနာဦးရေ အမြင့်ဆုံး တနိုင်ငံဖြစ်နေပြီး တခြားနိုင်ငံတွေက ကန့်သတ်ပိတ်ပင်ချက်တွေ ပြန်ဖွင့်နေချိန်မှာ ကပ်ဘေးရဲ့ ဗဟိုချက် တနေရာ ဖြစ်လာနေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ တရားဝင် စာရင်းတွေအရ သေဆုံးသူ ၁၉၂ ဦး ရှိခဲ့ပြီး တနိုင်ငံလုံး ကူးစက်ခံ အရေအတွက်အရဆိုရင် ၁၄၈၀၀၀ ကျော်ပြီ ဖြစ်ပါတယ်။
ကူးစက်ခံရနှုန်းကို မှတ်တမ်းတင်ရာမှာလည်း အပြောင်းအလဲဖြစ်ခဲ့လို့ နိုင်ငံတွင်း လူနာ ဦးရေနဲ့ သေဆုံးသူစာရင်းတိုးလာတာပါ။
မီဒီယာတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ပညာရှင်အဖွဲ့တွေကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု တွေကို အစိုးရက တွက်ချက်ပုံကို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ဝေဖန်ထားပါတယ်။ အမှန်တကယ်ကိန်းဂဏန်းက ဒီထက် ပိုမြင့်မားနိုင်တယ်လို့လည်း ရိုက်တာ သတင်းကရေးပါတယ်။