A d v e r t i s e m e n t With Us

အူဘာမီယန်းကို ဆက်ထိန်းနိုင်ရန် အာဆင်နယ်မျှော်လင့်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးအူဘာမီယန်းရဲ့ ဖခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ယုံကြည်နေတယ်လို့သိရပါတယ်။  အူဘာမီယန်းဟာ လာမယ့်ဘောလုံးရာသီအကုန် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။  အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ မဆုံးရှုံးစေဖို့အတွက် အခုနှစ်နွေရာသီမှာ စာချုပ်သက် တမ်းတိုးဖို့ လိုအပ်နေတာပါ။  ဒါ့အပြင် အူဘာမီယန်းရဲ့အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်တဲ့ ပီယာဖရမ်ကော့စ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ယုံကြည်နေတယ်လို့ သိရပါတယ်။  မနှစ်က ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ အခုနှစ်မှာလည်း ၁၇ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up