မိုရီဆာကီဝင်း၏ PARADE သီချင်းခွေ ဇူလိုင် ၁ ရက်နေ့ စတင်ဖြန့်ချိမည်
ဇော်ဇော်လှိုင်
·
June 11, 2020
မြန်မာပြည်သူတွေရဲ့ အသည်းကျော် ဂျပန်အခြေစိုက် အနုပညာရှင် မိုရီဆာကီဝင်းဟာ Columbia international ကုမ္ပဏီမှ ပထမဦးဆုံးပွဲဦးထွက် Sigle အယ်လ်ဘမ်အဖြစ် PARADE သီချင်းခွေကို ဇူလိုင် ၁ ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့ အဆိုပါကုမ္ပဏီက ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။
ဒီသီချင်းခွေကို ဂျပန်၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ နိုင်ငံပေါင်း ၁၅၀ ကျော် ကို ဖြန့်ချိမယ်လို့လည်း သိရပါတယ်။
မြန်မာ-ဂျပန်နှစ်နိုင်ငံလုံးရဲ့ တီဗွီနဲ့ ရုပ်ရှင်လောကမှာ ထင်ရှားအောင်မြင်မှုရနေတဲ့ အသက် ၂၉ နှစ်အရွယ် မိုရီဆာကီဝင်းဟာ ၂၀၁၈ ခုနှစ်ကလည်း နာမည်ကြီးဒါရိုက်တာ Steven Spielberg ရဲ့ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။