A d v e r t i s e m e n t With Us

ကျောင်းအုပ်ဆရာမတစ်ဦး၏ ဂုဏ်သိက္ခာကျဆင်းစေရန် ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့သူ အမှုဖွင့်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ စိန်ပန်းပင်အုပ်စု၊ ပေါက်တောရွာ မူလတန်းကျောင်း အုပ်ဆရာမကြီးအပေါ် ဂုဏ်သိက္ခာကျဆင်းစေအောင် လူမှုကွန်ယက်မှာ ရေးသားခဲ့မှုနဲ့  တက္ကစီ ယာဉ်မောင်းတစ်ဦးကို ဇွန်လ ၉ ရက်က ဆက်သွယ်ရေးဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်း က "ဆက်သွယ်ရေးဥပဒေနဲ့ အမှု ဖွင့်ထားပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ အကောင့်အမည်တွေ အမျိုးမျိုးပြောင်းပြီး ဂုဏ်သိက္ခာ ကျဆင်းအောင် ရေးသားတယ်ဆိုတာ တိုင်ချက်ပေးထားတယ်" လို့ ပြောပါတယ်။ ကျောင်းအုပ်ဆရာမကြီးဒေါ်ကေခိုင်ဟာ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ သွားရင်း ဦးမြင့်ဇော်ဆိုသူရဲ့  တက္ကစီကိုငှားစီးရာက ခင်မင်ရင်းနှီးခဲ့ပြီး ဖုန်းနဲ့ စကားပြော အဆက်အသွယ်ရှိခဲ့ ကြပါတယ်။  ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့  စကားများပြီး ဖုန်းအဆက်အသွယ် ဖြတ်တောက်ခဲ့ရာက  ဦးမြင့်ဇော်ဆိုသူက  "သီထွန်းစု" "ဇချမ်းကုန်းသူလေး" "မေတ္တာသစ္စာ" "လမင်းသစ္စာ" "ရွာသစ်သူလေးခိုင်" "သဘွတ်ကုန်း" "ထီးလှိူင်" "မကောင်းသူပယ်"စတဲ့ အကောင်အမည် အမျိုးအမျိုးသုံးပြီး ဆရာမကြီးကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တာပါ။ ဝမ်းတွင်းမြို့မရဲစခန်းက တက္ကစီယာဉ်မောင်း ဦးမြင့်ဇော်ကို အမှုအမှတ် (ပ)၃၁၉/၂၀၂၀ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့  အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up