အိန္ဒိယ ပါကစ္စတန် ပဋိပက္ခ၊ အကျဉ်းသားတွေပါ ပတ်သက်ခံစားနေရ
မကြာသေးခင်က အိန္ဒိယ အကျဉ်းထောင်ထဲမှာ ပါကစ္စတန် အကျဉ်းသား တယောက်ဟာ သူ့လိုအကျဉ်းသားတယောက်ရဲ့ တိုက်ခိုက်မှုခံရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီမတိုင်ခင်ကာလက ပါကစ္စတန်အကျဉ်းသားတွေရဲ့ တိုက်ခိုက်ခံရပြီး အိန္ဒိယ အကျဉ်းသား တယောက် သေဆုံးခဲ့ပါသေးတယ်။ ဒီအဖြစ်တွေက နယ်နိမိတ်ရဲ့ တဘက်စီက အကျဉ်းထောင်တွေမှာ တပိန်ပိန်တလိန်လိန်နဲ့ ဆယ်စုနှစ်နဲ့ချီပြီး အကျဉ်းကျနေကြတဲ့ ရာပေါင်းများစွာ ရှိတဲ့ အကျဉ်းသားတွေရဲ့ ဒုက္ခခံစားရမှုတွေကို အသစ်တဖန်ပြန်လည် အာရုံစိုက်လာစေပါတယ်။
သတင်းထောက် ဘစ်ရှ်မီလာ ဂီလာနီ က သတင်းရယူ ထားပါတယ်။ ယုယမိုး တင်ဆက်ထားပါတယ်။