မန်ယူ၊ စပါးအသင်းတို့နှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ကြောင်း ဒီဘားလား ဝန်ခံ

မန်ယူနဲ့ စပါးအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ဖူးတယ်လို့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားက ဝန်ခံလိုက်ပါတယ်။  ဒီဘားလားဟာ ပြီးခဲ့တဲ့  နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ နီးစပ်ခဲ့တာပါ။  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ယူနဲ့ စပါးအသင်းတွေက ခေါ်ယူဖို့ အချိန်ကြာသည်အထိ ကြိုးပမ်းခဲ့ကြပြီး အဲဒီအသင်းတွေနဲ့ အသင်းကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာလို့ ဒီဘားလားက ပြောပါတယ်။  ဒါ့အပြင် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ ဆွေးနွေးမှုတွေရှိခဲ့လို့လည်း ပြောပါတယ်။ အဲဒီအချိန်က ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိလိုပေမယ့် အသင်းဘက်ကတော့ ရောင်းချဖို့ ဆန္ဒရှိခဲ့တယ်လို့ ဒီဘားလားက ပြောပါတယ်။  ဒါပေမဲ့ ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့အချိန်မှာ ထွက်ခွာရမယ့် အခြေအနေက ပုံရိပ်မကောင်းနိုင်တာကြောင့် အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီဘားလားက ပြောပါတယ်။  နည်းပြဆာရီ ပြောင်းရွှေ့လာပြီးနောက်မှာ အသင်းရဲ့ကစားပုံ ပိုကောင်းလာခဲ့ပြီး  အပြောင်းအရွှေ့ ကိစ္စတွေဟာလည်း ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်အထိ အသင်းနဲ့စာချုပ်သက်တမ်း ကျန်ရှိသေးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up