ဆန်ချို ခေါ်ယူရေး အဆင်မပြေပါက ဂျူဗင်တပ်စ်က ဘာနာဒက်စ်ချီကို မန်ယူအသင်း ခေါ်မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် ဂျူဗင်တပ်စ် တောင်ပံကစားသမား ဘာနာဒက်စ်ချီကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့သိရပါတယ်။  ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လာမယ့်ရာသီအတွက် တောင်ပံတိုက်စစ်မှူးတဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဒေါ့မွန်က ဆန်ချိုကို ခေါ်ယူလိုနေတာပါ။  ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀ ဝန်းကျင်ရှိနေပြီး ခေါ်ယူဖို့ အဆင်မပြေခဲ့ရင်တော့ နောက်ထပ် တောင်ပံကစားသမားတဦးကို ပြောင်းလဲခေါ်ယူဖို့ စီစဉ်ထားတာပါ။  အီတလီသတင်းစာတွေရဲ့အဆိုအရ  ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ပွဲထွက် ဆုံးရှုံးနေတဲ့ ဘာနာဒက်စ်ချီကို မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ဆိုပါတယ်။  အသက် ၂၆ နှစ်ရှိ အီတလီလက်ရွေးစင် ဘာနာဒက်စ်ချီဟာ တောင်ပံနှစ်ဖက်စလုံးအပြင် နောက်ချန်တိုက်စစ်မှူးနေရာမှာလည်း ကစားနိုင်တယ်လို့ သိရပါတယ်။  ဂျူဗင်တပ်စ်မှာ ၉ ပွဲပဲ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ ဘာနာဒက်စ်ချီအတွက် ပေါင်သန်း ၃၀ အထက် ပေးချေမယ်ဆိုရင် ရောင်းချသွားဖို့ အသင်းက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up