ကိုဗစ်-၁၉ တိုက်ဖျက်ရန် ထိုင်းနိုင်ငံသားများ စည်းမျဉ်းစည်းကမ်းလိုက်နာမှ ရမည်ဟုဆို

ကိုဗစ်-၁၉ ကို တိုက်ဖျက်နိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံသား ၁၀ ယောက်မှာ ၉ ယောက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှရမယ်လို့ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဒေါက်တာ ရမ်ဂရုအန် ကစ်ဖတ်ထိက ထိုင်းနိုင်ငံကို အရင်အတိုင်း ပြန်ဖြစ်ဖို့ ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကိုဗစ်- ၁၉ တိုက်ဖျက်ရေးမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာ ၃ ခုကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် အကြံပေးထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနဲ့ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျလာနေချိန်မှာ အစိုးရအနေနဲ့ လော့ဒေါင်းဖြေလျှော့မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မကြာခင်မှာ စတုတ္ထအဆင့်အနေနဲ့ ကြေညာသွားဖွယ် ရှိနေတာပါ။ ဒေါက်တာ ရမ်ဂရုအန်ကတော့ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်လာဖို့ဆိုရင် ရော ဂါကူးစက်ပျံ့ပွားမှုနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးအနေအထားနဲ့ လျှော့ချဖို့ လိုအပ်တယ်လို့ ပထမအချက်အနေနဲ့ ရှင်းပြပါတယ်။ “ဥပမာအားဖြင့် လူတစ်သန်းမှာ ရောဂါကူးစက်ပြီ ဆိုပါစို့၊ အခြေအနေအရ ဒီအရေအတွက်က ကျန်းမာရေးဝန်ထမ်းတွေကို လွှမ်းခြုံသွားပြီး လူတစ်သန်းထိ သေဆုံးနိုင်ပါလိမ့်မယ်” ဒုတိယတချက်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေကို ရှာဖွေစစ်ဆေးသွားဖို့ဖြစ်ပြီး နောက်ဆုံးတချက်ကတော့ အားလုံး ပါဝင်ကြဖို့ လိုအပ်တယ်လို့ ပြောထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up