A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကူးစက်မှု ပိုဆိုးလာသဖြင့် ရောဂါထိန်းချုပ်ရေး အားထုတ်ကြရန် WHO တိုက်တွန်း  

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တကမ္ဘာလုံးမှာ ပိုဆိုးလာနေတဲ့အတွက်  ကူးစက်မှု ထိန်းချုပ်ရေး အားထုတ်မှုတွေကို ဖိအားပေးလုပ်ကြဖို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ဇွန် ၇ ရက် တရက်တည်းမှာ ကမ္ဘာအနှံ့မှာ  လူ ၁၃၆,၀၀၀ အသစ်ကူးစက်ခံခဲ့ရလို့ တရက်တည်းမှာ ကူးစက်ခံ အများဆုံးနေ့အဖြစ် စုံချိန်တင်ခဲ့တယ်လို့ WHO ရဲ့ ညွှန်ချုပ် တေဒရို အဒါနွန် ဂေဘရီယေးဆပ်စ်က ဇွန်လ ၈ ရက် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗိုင်းရပ်စ် ဘယ်ရောက်နေတယ် ဆိုတာနဲ့ ဒီဘေးကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ  နားလည်ဖို့ ဘရာဇီးနိုင်ငံသားတွေအတွက် အရေးကြီးတယ်။ ဆက်သွယ်ရေးဟာ ပွင့်လင်းမြင်သာပြီး တသမတ်တည်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ WHO ရဲ့ ထိပ်တန် အရေးပေါ်အခြေအနေ ပညာရှင် မိုက်ခ်ရိုင်ယန်က ပြောပါတယ်။ အလယ်အမေရိကနိုင်ငံတွေမှာ ကူးစက်နှုန်း မြင့်နေဆဲဖြစ်ပြီး အားကောင်းတဲ့ အစိုးရ ဦးဆောင်မှုနဲ့ နိုင်ငံတကာအထောက်အပံ့တွေကို ရိုင်ယန်က ဖိတ်ခေါ် ဆော်သြပါတယ်။  ဇွန် ၈ ရက် အတည်ပြုချက်အရ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉  ကူးစက်ခံ ဦးရေ ၇ သန်းကျော်ပြီး  ၄ သိန်းကျော် သေဆုံးခဲ့ပြီးပါပြီ။

A d v e r t i s e m e n t With Us

More News
Up