မန်ယူနောက်ခံလူ ကစားသမားဟောင်းကြီး တိုနီဒန်း အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမားဟောင်းကြီး တိုနီဒန်းဟာ ဇွန်လ ၈ ရက်က ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ကလပ်အသင်းက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ၁၉၄၁ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့မှာ မွေးဖွားတဲ့ အိုင်းရစ်ချ်ဘောလုံးသမားကြီး တိုနီဒန်းဟာ သေဆုံးချိန်မှာ အသက် ၇၈ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။ တိုနီဒန်းဟာ အိုင်းရစ်ချ်ကလပ်အသင်း ရှဲလ်ဘုန်းကနေ မန်ယူအသင်းဆီ ၁၉၆၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီး ပေါင် ၅,၀၀၀ နဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ မန်ယူအသင်းမှာ ရှိနေချိန် သူ့ရဲ့ ရွှေရောင်နေ့ရက်တွေမှာတော့ အသင်းနဲ့အတူ ၁၉၆၃ ခုနှစ် အက်ဖ်အေဖလား၊ ၁၉၆၅ ခုနှစ်နဲ့ ၁၉၆၇ ခုနှစ်တွေမှာတော့ First Division championships ဆုဖလားတွေကို အတူရယူနိုင်ခဲ့သလို ၁၉၆၈ ခုနှစ်မှာတော့  ဥရောပဖလား(ယခု ချန်ပီယံလိဂ်ဖလား)ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းမှာ ၁၃ နှစ်ကြာ ရှိခဲ့ချိန်မှာ ဒန်း ပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း ၅၃၀ မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းဖြစ်တဲ့ အိုင်ယာလန်အမျိုးသားအသင်းမှာတော့ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ ပါဝင်ခဲ့ကာ ၁၉၆၉ ခုနှစ်မှာတော့ အကောင်းဆုံးအိုင်းရစ်ချ်ဘောလုံးသမားဆု ချီးမြှင့်ခံခဲ့ရပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းကို မန်ယူအသင်းက တွစ်တာအင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဝမ်းနည်းရကြောင်း ရေးသားမျှဝေထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up