A d v e r t i s e m e n t With Us

ပါကစ္စတန် ရွေးကောက်ပွဲ မဲဆွယ်မှု အဆုံးသတ်

တရားရုံးအနီး လွုံခုံရေးစောငျွ့ကပျနေသညျ့ ပါကစ္စတန် စစ်သားများ (ဓာတ်ပံု- ရိုက်တာ)
ပါကစ္စတန်နိုင်ငံမှာ မေလ ၁၁ ရက် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေဟာ ဒီနေ့ နောက်ဆုံး မဲဆွယ်မှုတွေပြုလုပ်ပြီး  အဆုံးသတ်လိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံသမိုင်းမှာ နှစ်ပါင်း ၆၀ အတွင်း အရပ်သား အစိုးရတခုကနေ တခုကို အောင်မြင်အောင်ကူးပြောင်းနိုင်မယ့် ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်တွေက နိုင်ငံတ၀န်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ဧပြီလလယ်လောက်ကတည်းက လူပေါင်း ၁၀၀ လောက် သေဆုံးသွားခဲ့ရပါတယ်။ ၀န်ကြီးချုပ်ဟောင်း ယူဆာ့ဖ်ရာဇ ဂီလာနီရဲ့ သားဖြစ်သူ အလီဟိုင်ဒါဂီလာနီလည်း မနေ့က မူလတန်မြို့ ရွေးကောက်ပွဲမဲဆွဲမှုအတွင်း သေနတ်သမားတွေရဲ့ ပြန်ပေးဆွဲဖမ်းဆီးခံရပြီး သူ့ရဲ့အတွင်းရေးမှူးနဲ့ သက်တော်စောင့်တဦးလည်း အသတ်ခံခဲ့ရပါတယ်။ [caption id="attachment_39324" align="alignleft" width="300" caption="တရားရုံးအနီး လုံခြုံရေးစောင့်ကြပ်နေသည့် ပါကစ္စတန် စစ်သားများ (ဓာတ်ပုံ- ရိုက်တာ)"][/caption] မေ ၁၁ ရက်နေ့ မဲပေးပွဲမှာလည်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ သိန်းလောက် မဲရုံတွေအနီး ချထားမှာဖြစ်ပါတယ်။  ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲထက် မဲပေးသူအရေအတွက် ပိုများလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒီရွေးကောက်ပွဲမှာ လက်ရှိအာဏာရ သမ္မတ  အဆစ်အလီဇာဒါရီနဲ့ သားဖြစ်သူ လီလာဝယ် ဘူတို ဇာဒါရီ ခေါင်းဆောင်တဲ့ ပါကစ္စတန်ပြည်သူ့ပါတီ (ပီပီပီ) ကို အဓိက စိန်ခေါ်မှာကတော့  ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှာရစ်ရဲ့ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ် (ပီအမ်အယ်လ်-အန်) ပါတီ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် နာဝပ်ရှာရစ်က “အစိုးရအဖွဲ့သစ်ဖွဲ့ဖို့ သိပ်မကြာတော့ပါဘူး။ ခင်ဗျားတို့ ၅ နှစ်သက်တမ်းအချိန်ပေးရင် ဒီတိုင်းပြည်ရဲ့ ကံကြမ္မာကို ကျနော်တို့ ပြောင်းလဲပစ်နိုင်တယ်ဆိုတာ မြင်ရပါလိမ့်မယ်” လို့ သူ့ကိုထောက်ခံသူတွေကို ပြောပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ထင်ရှားတဲ့ ပါတီတွေကတော့   ကမ္ဘာ့ဖလားရခဲ့တဲ့  နာမည်ကျော် ခရစ်ကတ်ကစားသမားဟောင်း အမရန်ခန်းရဲ့ တရားမျှတရေးလှုပ်ရှားမှု (ပီတီအိုင်)ပါတီ၊ နောက် ဗိုလ်ချုပ်ကြီးဟောင်းမူရှာယက်ရဲ့ ပါကစ္စတန်အားလုံးရဲ့ မွတ်စလင်အဖွဲ့ချုပ်ပါတီတို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်ပကနေ ပြန်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ သမ္မတဟောင်း ပါဗက်မူရှာယက်ကိုတော့ တာဝန်ထမ်းဆောင်စဉ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ စွပ်စွဲပြီး အကျယ်ချုပ်နဲ့ အဖမ်းခံထားရပါတယ်။ ဒါ့ပြင် အ၀ါမီအမျိုးသားပါတီ မွတ်တာဟီဒါကွမ်မီ လှုပ်ရှားမှုပါတီ၊ ဗဟို ပါကစ္စတန်မူစလင်အဖွဲ့ချုပ် (ပီအမ်အယ်လ်-ကျူPML-Q) တို့လည်း ယှဉ်ပြိုင်ကြမှာပါ။ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၅ သန်းက အမျိုးသားလွှတ်တော်နဲ့ ဒေသဆိုင်ရာလွှတ်တော်မှာ လွှတ်တော်အမတ်ပေါင်း ၁၀၀၀ လောက်ကို ရွေးချယ်မဲပေးကြမှာပါ။ အမျိုးသားလွှတ်တော်မှာတော့ အမတ်နေရာ ၃၄၂ နေရာရှိပြီး အနိုင်ရဖို့အတွက် အနည်းဆုံး ၁၇၂ နေရာရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up