Live
Home
မြန်မာသတင်း
ရသေ့တောင်၌ ၁ လကျော်ကြာ ဖမ်းဆီးထားသူ ၁ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ ပြန်လွှတ်
DVB
·
June 9, 2020
၁ လကျော်ကြာ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနေ ကျေးရွာသား ၁ ဦးကို ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ် ၃ နယ်ခြားစောင့်တပ်ဖွဲ့ခွဲက ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေ ပြောပါတယ်။ “ဘူးသီတောင် နခခ-၃ က ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ စနေနေ့မှာခေါ်ပြီး ဖမ်းဆီးထားသူ ကိုမြင့်စိုးကို လွှတ်ပေးလိုက်တယ်” လို့ ဖမ်းဆီးခံရသူရဲ့အဒေါ် ဒေါ်ဦးမေက DVB ကို ပြောပါတယ်။ ဒုံးပိုက်ကျေးရွာရှိ အရက်ဆိုင်တခုအတွင်း မေ ၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာနေ ဦးမြင့်စိုးကို မသင်္ကာမှုနဲ့ ဖမ်းဆီးသွားတာပါ။ ဒီနောက် ဘူးသီးတောင်မြို့နယ်တရားရုံးမှာ မေ ၈ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(က) နဲ့ အမှုဖွင့်လှစ်ကာ ရမန်ကြီး ၂ ပတ် ယူထားတာလို့ ဘူးသီးတောင်တရားရုံးမှ တာဝန်ရှိတဦးက ပြောပါတယ်။ “နခခ-၃ က လွှတ်ပေးလိုက်တာ။ ဒါပေမဲ့ တရားရုံးကို လွှတ်ပေးလိုက်ကြောင်း အကြောင်းကြားစာ အခုထိ မပို့သေးဘူး။ ရမန်ယူထားတဲ့အရ ဇွန် ၇ ရက်နေ့မှာ တရားစွဲတင်ရမှာ ဖြစ်တယ်။ သက်သေအထောက်အထား မပြည့်စုံလို့ တရားမစွဲတင်နိုင်တဲ့အတွက် လွှတ်ပေးတာနေမှာပေါ့” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာရှိ အရက်ဆိုင်မှာ မေလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က အရက်သောက်နေကြတဲ့ နယ်ခြားစောင့် ၆ ဦးကို အမည်မသိတပ်ဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် နယ်ခြားစောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးမြင့်စိုးကို မသင်္ကာမှုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတပါ။ လင်းလက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024