တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

ကပ်ရောဂါဘေးကာလမှာ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရးကော်မတီက ဇွန်လ ၈ ရက်မှာ  စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ပါတယ်။ အန်စီအေ လက်မှတ် ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)တို့ကို ထောက်ပံ့ပေးခဲ့တာပါ။ RCSS အနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပြည်သူအယောက် ၆၀၀၀၀ ကျော်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့သလို သံသယလူနာ မတွေ့ရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအတွင်း ပြည်သူတွေကို ထောက်ပံ့မှုပြုလုပ်တဲ့နေရာမှာ တပ်မတော်နဲ့ နားလည်မှုလွဲပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ  ဒုဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အနေနဲ့လည်း   ကပ်ဘေး ကာလမှာ ပြည်သူတွေကို ကျန်းမာရေး အသိပညာပေးမှုတွေ အတော်များများလုပ်ခဲ့တယ်လို့ PNO အသွင်ပြောင်းပြည်သူ့စစ် ဒုကွပ်ကဲရေးမှူး ဗိုလ်မှူး အောင်သန်းက ပြောပါတယ်။ တိုင်းရင်းသားနက်ကိုင်တစ်ဖွဲ့ကို  ဆန် ၂၄ ပြည်အိတ် ၃၀၀ စီ၊ ဆီ ၁၀ ပိဿာပုံး ၃၀ စီ ထောက်ပံ့ခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up