Home
မြန်မာသတင်း
မဟာချိုင် အလုပ်သမားကူညီစောင့်ရှောက်ရေးဂေဟာရှိ  မြန်မာလုပ်သား ၇၀ ကျော် ဖမ်းဆီးခံရ
နန်းမြနဒီ
·
June 8, 2020
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ အေအေစီ အလုပ်သမား ကူညီစောင့်ရှောက်ရေးဂေဟာကို ထိုင်းတာဝန်ရှိသူတွေက ဇွန်လ ၆ ရက်က ဝင်ရောက်စစ်ဆေးပြီး မြန်မာလုပ်သားပေါင်း ၇၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဆိုပါဂေဟာမှာ အခက်အခဲအမျိုးမျိုးကြောင့် နေစရာမရှိသူတွေ ခေတ္တလာရောက်ခိုလှုံ နေတာ ဖြစ်ပေမယ့်  တာဝန်ရှိသူတွေက ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ လူစုဝေးပြွတ်သိပ်စွာ နေထိုင်မှုကို ခွင့်မပြုတာကြောင့် လာရောက်စစ်ဆေးဖမ်းဆီးသွား တာဖြစ်ပါတယ်။ ဇွန်လ ၇ ရက် မနေ့ကတော့ ဂေဟာကိုပါ လာရောက်ဖျက်ဆီးခဲ့တယ်လို့ အေအေစီ အလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။  “ဖမ်းခေါ်သွားတာ အားလုံး ၇၀ ကျော်ရှိတယ်။ အဲဒီထဲမှာ မြန်မာပြည်ပြန်ဖို့ အခက်အခဲ ဖြစ်နေတဲ့သူတွေ၊ ဒုက္ခရောက်နေသူတွေ၊ အထောက်အထားမပြည့်စုံသူတွေ၊ မတော်တဆဖြစ်ပြီး လက်ပြတ်ခြေပြတ် မသန်မစွမ်းဖြစ်သူတွေ၊ လုပ်အားခမရတဲ့သူတွေ၊ အမှုရင်ဆိုင်နေရဆဲသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစကလေးနဲ့ ကလေးအမေတွေ၊ အလုပ်ကမောင်းထုတ်ခံရသူတွေ ပါတယ်။ လာဖမ်းတာ ထိုင်းလ၀ကရဲ၊ စစ်တပ်၊ ကျန်းမာရေးဌာန အဖွဲ့ပေါင်းစုံပါတယ်။ သူတို့ပြော တာတော့ လူစုလူဝေးလုပ်တာပေါ့နော်။ ထိုင်းကနေပြန်သွားတဲ့ ပဲခူးကအလုပ်သမား တစ်ယောက်မှာ ကိုဗစ်-၁၉ ရှိတာ အဲဒါကိုလည်း အကြောင်းပြတာပေါ့နော်။ လူတွေဖမ်းသွားပြီး မနေ့မနက်မှာတော့ ဂေဟာကို လာဖျက်မလို့၊ အုတ်တံတိုင်းကို စဖြိုနေတုန်း မြန်မာအလုပ်သမားသံအရာရှိရုံးက လာပြီး ညှိနှိုင်းပေးတာနဲ့ အခုခနရပ်ထားတယ်။ ကိစ္စတော့မပြီးပြတ်သေးဘူး သံအရာရှိတွေ ဆက်ပြီးဆွေး နွေးဖို့ရှိတယ်လို့ သိရတယ်။” အေအေစီအဖွဲ့သားတွေကတော့ အကုန်လုံး စေတနာ့ဝန်ထမ်းတွေသာဖြစ်လို့ အရေးယူခံရတာ မရှိဘူးလို့ ဆိုပါတယ်။  မြန်မာအလုပ်သမား သံအရာရှိရဲ့ ညှိနှိုင်းမှုကြောင့် အလုပ်သမား ၁၉ ဦး ပြန်လည်လွတ်မြော က်လာပြီး  နေရပ်ပြန်ဖို့နယ်စပ်ကို ပြန်ပို့ပေးလိုက်ပြီဖြစ်ကြောင်း ကျန်တဲ့သူတွေကိုတော့ ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ ၁၄ ရက် quarantine ဝင်ခိုင်းထားပြီး အမှုရင်ဆိုင်နေရသူတွေကိုလည်း ထိုင်း တာဝန်ရှိသူနဲ့ မြန်မာသံရုံးက  ကူညီဆောင်ရွက်ပေးသွားမယ်လို့  ကိုရဲမင်းက ပြောပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိတွေကိုတော့ ဒီဗွီဘီက ဆက်သွယ်လို့ မရသေးပါဘူး။ ကိုရဲမင်းကတော့ အခုလို ဝင်ရောက်စစ်ဆေးဖမ်းဆီးခံရတာဟာ တိုင်တန်းသူရှိလို့သာ ဖြစ်ကြောင်း၊ ဒီမတိုင်ခင်က အဲဒီမဟာချိုင်မှာဘဲ နေရပ်ပြန်လိုတဲ့ အလုပ်သမားတွေကို နယ်စပ်ပြန်ပို့ ပေးမယ်ဆိုပြီး ပွဲစားတွေက  ငွေယူထားပေမယ့် အတန်ကြာပြန်မပို့လို့ အခက်အခဲဖြစ်နေတဲ့ကိစ္စကို အေအေစီက သွားရောက်ကူညီခဲ့တဲ့အပေါ်မကျေနပ်တာ ဖြစ်နိုင်ကြောင်း၊ အမှန်က အေအေစီဂေဟာ မှာလည်း ကိုဗစ်-၁၉ ကာကွယ်ရေး တဦးနဲ့တဦးနီးကပ်စွာမနေဖို့၊ ကျန်းမာရေးနဲ့အညီနေထိုင်ဖို့ ပြောထားတယ်လို့ ဆိုပါတယ်။ အေအေစီ အဖွဲ့အစည်းဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း မဟုတ်ပေမယ့် အလုပ်သမားကူညီရေးဆောင်ရွက်နေလို့  ဒေသအာဏာပိုင်တွေက နားလည်မှုနဲ့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။  ဓာတ်ပုံ- AAC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024