A d v e r t i s e m e n t With Us

အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒါဘိခ်ကို ခေါ်ယူရန် မန်ယူနိုက်တက် စတင်ဆွေနွေးနေ 

နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ ဒွန်နီဗန်ဒါဘိခ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်ဇ်အသင်းနဲ့ စတင်ဆွေးနွေးနေပြီလို့ နယ်သာလန် သတင်းတွေမှာ  ဖော်ပြပါတယ်။  ဒတ်ချ်သတင်းစာတစ်ခုဖြစ်တဲ့ De Telegraaf မှာ အေဂျက်ဇ်အသင်းဟာ ဗန်ဒါဘိခ်ကို ယူရို သန်း ၅၀ နဲ့ ရောင်းချဖို့ ရီးရဲလ်အသင်းနဲ့ သဘောတူခဲ့ပြီလို့ ဖော်ပြထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်  ကြောင့်ဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာအခြေအနေတွေကြောင့် ရီးရဲလ်အသင်းဘက်က ဒီအပြောင်းအရွှေ့ကို အပြီးသတ်လိုစိတ် မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။  ဒီအခြေအနေကို ယူနိုက်တက်အသင်းဘက်က အခွင့်ကောင်းယူပြီး အခုသီတင်းပတ် အစပိုင်းကတည်းက ကွင်းလယ်လူကိုခေါ်ယူဖို့ အေဂျက်ဇ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  လက်ရှိအခြေအနေတွေအရ အေဂျက်ဇ်အသင်းဟာ သူတို့ကစားသမားကို အမြန်ခေါ်ယူနိုင်တဲ့ အသင်းထံ ရောင်းချသွားမှာဖြစ်ပြီး လက်ရှိ အေဂျက်ဇ်အသင်းရဲ့ အမှုဆောင်အရာရှိအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်ဂိုးသမားဟောင်း ဗန်ဒါဆားကြောင့်လည်း ဒီကစားသမားဟာ စပိန်ထက် အင်္ဂလန်မြေကို ရောက်ရှိလာနိုင်ခြေ ပိုများနေတယ်လို့ သိရပါတယ်။  ကွင်းလယ်ကစားသမား ဗန်ဒါဘိခ်ဟာ ပြီးခဲ့တဲ့ သုံးရာသီအတွင်း အေဂျက်ဇ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၇၅ ပွဲ ကစားပြီး ၄၁ ဂိုး သွင်းကာ ၃၄ ဂိုး ဖန်တီးပေးထားသူ ဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဘက်က ဒီကစားသမားကို သတ်မှတ်ဈေးထက် ပိုနည်းတဲ့ပမာဏနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။ ဗန်ဒါဆားကတော့ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကစားသမားကို ဈေးလျှော့ပေးမှာ မဟုတ်ဘူးလို့ သတိပေးပြောပါတယ်။ “ယူရို သန်း ၁၅၀ တန်၊ ၂၀၀ တန် အပြောင်းအရွှေ့တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ အေဂျက်ဇ်အသင်း ကစားသမားတွေမှာ သင့်တင့်တဲ့တန်ဖိုးတော့ ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ သေသေချာချာ လေ့ကျင့်ပေးခံထားရသူ ဖြစ်ပြီးတော့ အောင်မြင်မှုနဲ့ပတ်သက်လို့လည်း အတွေ့အကြုံရှိကာ ဥရောပဘောလုံးလောကမှာလည်း ကစားဖူးသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ဘက်က အိုနာနာ၊ တာဂလီယာဖီကိုနဲ့ ဗန်ဒါဘိခ်တို့ကို အသင်းမှာ တရာသီ ဆက်နေပြီး အပြန်အလှန် အကူအညီပေးကာ သူတို့ကစားသမားဘဝအတွက် နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး ဆောင်ရွက်သွားကြဖို့ နှုတ်အားဖြင့် သဘောတူထားခဲ့ကြပါတယ်။ ဒီအခြေအနေဟာ မပြောင်းလဲသေးပါဘူး။ ကျနော်တို့ ကစားသမားတွေအတွက် ၅၀ ရာခိုင်နှုန်း လျှော့ဈေးဆိုတာ ရှိလာမှာမဟုတ်ပါဘူး။”

A d v e r t i s e m e n t With Us

More News
Up