ကစားသမားဘဝမှ အနားယူပြီဟု မက်ဂရီဂေါ ကြေညာ

ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ UFC  ဝယ်သာဝိတ်ချန်ပီယံ ကော်နာမက်ဂရီဂေါက သူ့ရဲ့တွစ်တာစာမျက်နှာကနေ ကြေညာလိုက်ပါတယ်။   အသက် ၃၁ နှစ်ပဲရှိသေးတဲ့ အိုင်ယာလန်နိုင်ငံသားမက်ဂရီဂေါဟာ ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ်တွေကလည်း ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။  တိုက်ခိုက်ရေးပြိုင်ပွဲတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီး အံ့အားသင့်စရာ အမှတ်တရတွေအတွက် အားလုံးကို ကျေးဇူးတင်ရှိတယ်လို့ မက်ဂရီဂေါက ပြောပါတယ်။  သူဟာ WFC ဖယ်သာဝိတ်ချန်ပီယံရွှေခါးပတ်ကို ၂၀၀၈ ကနေ ၂၀၁၅ အထိ ကာကွယ်နိုင်ခဲ့ပြီး လိုက်ဝိတ်ခါးပတ်ကိုတော့  ၂၀၁၈ အထိ ကာကွယ်နိုင်ခဲ့ပါတယ်။ UFC ရဲ့ ဝယ်သာဝိတ်ချန်ပီယံကိုတော့ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။  နောက်ဆုံးထိုးသတ်မှုအနေနဲ့ ၂၀၂၀ ဇွန်နဝါရီ ၁၈ ရက်က ဝယ်သာဝိတ်ရွှေခါးပတ်ကာကွယ်ပွဲအဖြစ်  အမေရိကန်က ဒေါ်နယ်ကာရိုနီကို ၄၀ စက္ကန့်နဲ့ အနိုင်ယူခဲ့ ပါတယ်။  မက်ဂရီဂေါဟာ MMA ကစားသမားဘတစ်လျှောက် စုစုပေါင်း ၂၆ ပွဲ ထိုးသတ်ခဲ့ပြီး ၂၂ ပွဲနိုင်၊ ၄ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up