အီတလီက ပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ
DVB
·
June 8, 2020
ဇွန် ၇ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူ ၈၉၇ အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၅၅ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၇၉ ခု စုစုပေါင်း (၈၉၇) စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။
အခုတွေ့ရှိတဲ့ လူနာအမှတ် ၂၄၃ ဟာ သင်္ဃန်းကျွန်းမြို့နေ အသက် ၃၅ နှစ်အမျိုးသား ဖြစ်ပြီး အီတလီနိုင်ငံက ပြန်လာသူဖြစ်ပါတယ်။
သူ့ကို လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတာကြောင့် တောင်ဉက္ကလာပ ဆေးရုံကြီးမှာ ကုသမှုခံယူစေမယ်လို့ ဆိုပါတယ်။
ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၂၀၀ ကို စစ်ဆေးရာမှာတော့ သရက်မြို့နေ ထိုင်းနိုင်ငံက ပြန်လာသူ ၁ ဦးနဲ့ တာမွေမြို့နယ်နေ အိန္ဒိယနို်ငငံက ပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပို တွေ့ရှိခဲ့တယ်လို့ ကျန်မာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၈ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၂၄၃ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၆ ဦးရှိပြီး ဒီအထဲက ၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။