Homeမြန်မာသတင်း
တိုက်ကြီး မရှိနွမ်းပါးအိမ်ထောင်စုများကို ဆန်နှင့်ရိက္ခာ ဆိုင်ကယ်ချစ်သူများအဖွဲ့ လှူဒါန်း
တိုက်ကြီး မရှိနွမ်းပါးအိမ်ထောင်စုများကို ဆန်နှင့်ရိက္ခာ ဆိုင်ကယ်ချစ်သူများအဖွဲ့ လှူဒါန်း
DVB
·
June 7, 2020
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာ ဆိုင်ကယ်ချစ်သူများအဖွဲ့က ကိုဗစ်-၁၉ ကာလအတွင်း မရှိနွမ်းပါးတဲ့ မိသားစုတွေကို ဆန်နဲ့ ရိက္ခာတွေကို ဇွန် ၇ ရက်နေ့က သွားရောက် လှူဒါန်းကြပါတယ်။
တိုက်ကြီးမြို့ ဥုပ္ပုံစုရပ်ကွက်နဲ့ ဘူတာရပ်ကွက်အတွင်းက အိမ်ထောင်စု ၆၀ ကျော်အတွက် တအိမ်ထောင်ကို ဆန် ၈ ပြည်၊ ဆီ ၁ ဘူး၊ ကြက်သွန်၊ ငါးသေတ္တာနဲ့ ကြက်ဥတွေ လှူဒါန်းခဲ့ပြီး သက်ကြီးရွယ်အိုတွေကို တဦး ၁၀,၀၀၀ ကျပ် လှူဒါန်းခဲ့တယ်လို့ ဆိုင်ကယ်ချစ်သူများ အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျနော်တို့ ဆိုင်ကယ်ချစ်သူများအဖွဲ့က တစ်မြို့တည်းမဟုတ်ဘဲ တခြားမြို့တွေက ဆိုင်ကယ်ချစ်သူတွေပါ စုပေါင်းပြီး လှူတာပါ။ တိုက်ကြီးမြို့အပြင် တခြားမြို့တွေကိုလည်း သွားလှူပေးဦးမှာပါ။ အဓိကကတော့ ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ ရှားပါးတဲ့အတွက်၊ တကယ် အခက်အခဲဖြစ်နေတဲ့သူတွေကို အဓိကထားပြီး လှူဒါန်းသွားမယ်။”
၂၀၂၀ မတ်လကစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး စက်ရုံနဲ့ တခြားလုပ်ငန်းတွေ ပိတ်ထားတဲ့အတွက် တနေ့လုပ်တနေ့စား မိသားစုတွေ စားသောက်ရေးအတွက် အခက်အခဲတွေ ဖြစ်နေတာပါ။
ဒါ့အပြင် ကျေးရွာ၊ ရပ်ကွက်တွေမှာ အသေးစားငွေချေးလုပ်ငန်းတွေက ချေးငွေတွေ ပြန်လည်ကောက်ခံနေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
မေသွယ်