ဂျော့ဖလွိုက်အတွက် တရားမျှတမှုရရေး ဆန္ဒပြပွဲများ အမေရိကန်တွင် ၁၂ ရက်တိုင် ရှိလာ

1.2K
လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ ဇွန်လ ၆ ရက်အထိ ဆယ့်နှစ်ရက်မြောက် ရှိပြီ ဖြစ်ပါတယ်။
ပေါ့တ်လန်း၊ ဆန်ဒီယေဂို၊ ဖီးနစ်နဲ့ ဆီယက်တဲလ်တို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်မှုတွေ ဖြစ်နေတာပါ။
မြို့တော် ဝါရှင်တန်ဒီစီမှာလည်း ရဲတပ်ဖွဲ့ကို ရန်ပုံငွေမပေးနဲ့ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒေသခံ ရဲတပ်ဖွဲ့တွေကို အသုံးစရိတ်ဖြတ်တောက်ဖို့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အခု ဆန္ဒပြပွဲတွေကတော့ အရင်အပတ်က ဆန္ဒပြပွဲတွေလို ရဲနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တာ၊ လုယက်မှု၊ မီးရှို့မှုတွေ ဖြစ်တာမျိုး မရှိတော့ပါဘူး။
ဒါဟာ ဆန္ဒပြပွဲစီစဉ်သူတွေကြား ဂျော့ဖလွိုက်သေဆုံးမှုကနေ လူထုအခွင့်အရေး လှုပ်ရှားမှု အသစ်ကို ဖော်ဆောင်ဖို့နဲ့ အမေရိကရဲ့တရားစီရင်ရေးစနစ်ကို ပြင်ဆင်ဖို့၊လှုပ်ရှားမှုကို အသစ်ပုံဖော်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ သိရပါတယ်။