မြဝတီတွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
June 7, 2020
ကရင်ပြည်နယ် မြဝတီမြို့မှာ ဇွန်လ ၆ ရက်နေ့က ကာလတန်ဖိုး သိန်း ၁၀၀၀ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဇော်ဂျီ-၂ လမ်းမှာ နန်းရှန်နွန် (၂၇-နှစ်)နဲ့ စိုင်းရွှေ (၄၅-နှစ်) တို့နှစ်ဦးရဲ့ နေအိမ်ကို မြဝတီမြို့ နယ်ခြားစောင့်တပ်နဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ wy စာတန်းပါ စိတ်ကြွဆေးပြား ၄ သောင်းနဲ့ မူးယစ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးမိခဲ့တာပါ။
ဖိုးစီ