ကျောက်ဖြူ FQ စင်တာတွင် တရုတ်က ပြန်လာသည့်ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမွေးဖွား
DVB
·
June 6, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပညာရေးကောလိပ်ခြံဝင်းရှိ Facility Quarantine စင်တာ ၅ ရှိ ပိုးဝါဆောင်မှာ ကန့်သတ်စောင့်ကြည့်နေတဲ့ တရုတ်ကပြန်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဒီနေ့မနက် ကလေးမွေးဖွားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။
“တရုတ်ကပြန်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးပေါ့၊ သူ့ရဲ့အမျိုးသားနဲ့အတူလာကြတာပါ။ သူတို့ကို နိုင်ငံခြားပြန်တွေထားတဲ့ ပိုးဝါဆောင်မှာ ထားထားတယ်။ အဲဒါ ဒီနေ့မနက်က ဗိုက်နာနေလို့ဆိုပြီး အကြောင်းကြားတဲ့အတွက် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးကို အကြောင်းကြားလိုက်တော့ ဆေးရုံကကားနဲ့ အဲဒီအမျိုးသမီးကို သယ်ဆောင်ဖို့သွားတဲ့အချိန်မှာပဲ အမျိုးသမီးက ကလေးမွေးထားပြီးပြီပေါ့။ အဲဒါ အခုအဲဒီအမျိုးသမီးနဲ့ ကလေးကိုတော့ ဆေးရုံကိုယူသွားပါပြီ။ ကလေးကိုတော့ ပိုးဝါသူ ဆိုပြီးတော့ နာမည်ပေးထားလိုက်ကြတယ်။”
အဆိုပါအမျိုးသမီးနဲ့ကလေးမှာ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ထားရှိပြီး ကျန်းမာရေးကောင်းမွန်စွာတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့မှာ Facility Quarantine စင်တာ ၅ ခုရှိပြီး ပညာရေးကောလိပ်ခြံဝင်းအတွင်း ၄ ခုနဲ့ မြင်းပြင်အိမ်ရာတွင် ၁ ခုရှိကာ ပြည်တွင်းနဲ့နိုင်ငံခြားက ပြန်လာသူ စုစုပေါင်း ၁၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။
နောင်နောင်