ဇီဒန်း၏သား လူကာဇီဒန်းကို ရီးရဲလ်အသင်း စာချုပ်သက်တမ်းမတိုး

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ ဇီဒန်းရဲ့ သားဖြစ်သူ ဂိုးသမား လူကာဇီဒန်းကို စာချုပ်သက်တမ်း တိုးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။  အသက် ၂၂ နှစ်ရှိ ဂိုးသမား လူကာဇီဒန်းဟာ ရီးရလ်အသင်းနဲ့ အခုလကုန် စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။  ဂိုးသမား လူကာဇီဒန်းဟာ အခုနှစ်ရာသီမှာ ဒုတိယ တန်းကလပ် ရေးဆင်းဆန်တန်ဒါ အသင်း မှာ အငှားသွားကစားခဲ့ရတာပါ။  သူ့အနေနဲ့ ပွဲထွက်ခွင့် တနေရာရဖို့ ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းဆီပြောင်းရွှေ့ မယ်လို့ သိရပါတယ်။  လူကာဇီဒန်းဟာ ရီးရဲလ်မက်ဒရစ် (ဘီ) အသင်းမှာ ပွဲ ၅၀ နီးပါး ကစားခဲ့ပေမယ့် ရီးရဲလ် စီနီယာအသင်းအတွက်တော့ ၂ ပွဲသာ ပါဝင်ကစားခဲ့ဖူးပါတယ်။  နည်းပြဇီဒန်းလက်ထက် ၂၀၁၈ မေလမှာ ဗီလာရီးရဲလ်နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲ နဲ့ဟက်စ်ကာ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာဖြစ်ပါတယ်။  နည်းပြဇီဒန်းရဲ့သား ၄ ဦးထဲမှာ အသက် ၂၅ နှစ်ရှိ အကြီးဆုံးသား အန်ဇိုဇီဒန်းက ကွင်းလယ် ကစားသမားဖြစ်ပြီး  ပေါ်တူဂီကလပ် အဗက်စ်အသင်းကို ပြောင်းရွှေ့ကစားနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up