နည်းပြဆရာဟောင်း ဟွမ်မာကို မန်စီးတီလက်ထောက်နည်းပြအဖြစ် ဂွါဒီယိုလာ ခန့်အပ်မည်

568
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လက်ထောက်နည်းပြရာထူးအတွက် သူ့ရဲ့ ဆရာဟောင်း ဟွမ်မာလီလိုကို ခန့်အပ်တော့မယ်လို့ သိရပါတယ်။
နည်းပြ အာတီတာကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့ရတဲ့ ဂွါဒီယိုလာဟာ လာမယ့်ဘောလုံးရာသီမှာ ဆရာဟောင်း ဟွမ်မာလီလိုနဲ့ ပြန်လည်အစားထိုးမှာပါ။
ဂွါဒီယိုလာ ကစားသမားဘဝက မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး အဲဒီအသင်းမှာ နည်းပြ ဟွမ်မာလီလိုနဲ့ လက်တွဲခဲ့ဖူးတာပါ။
အသက် ၅၄ နှစ်ရှိ စပိန်နည်းပြ ဟွမ်မာလီလိုဟာ လက်ရှိအချိန်မှာ တရုတ်ကလပ် ဟွမ်ဟိုင်း အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူနေပြီး ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာလာမှာဖြစ် ပါတယ်။
ဂွါဒီယိုလာဟာ ကစားသမားဘ၀ သူ့ရဲ့ နည်းပြဖြစ်ခဲ့တဲ့ ဟွမ်မာ လီလိုကို အထင်ကြီးလေး စားသူဖြစ်ပြီး လီလိုကလည်း ဂွါဒီယိုလာကို သားတယောက်လို သဘောထားကြောင်း ပြောကြားခဲ့ ဖူးပါတယ်။
မန်စီးတီးလက်ထောက်နည်းပြဖြစ်လာမယ့် လီလိုဟာ ချီလီနဲ့ ဆီဗီလာအသင်းတွေမှာ လက် ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသလို ဆိုစီဒက်၊ အယ်လ်မားရီးယားနဲ့ ဗစ်ဆယ်ကိုဘေး အသင်းတွေမှာလည်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။