အမေရိကန်အထက်လွှတ်တော်အမတ်များ ဂျော့ဖလွိုက်အတွက် ငြိမ်သက်အလေးပြု

အမေရိကန်အထက်လွှတ်တော်အမတ်တွေဟာ သေဆုံးသွားတဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်အတွက် ဝါရှင်တန်က အီမန်စီပေးရှင်းခန်းမဆောင်မှာ ဇွန်လ ၄ ရက်က ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာအောင် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။  ဒီအချိန်အတိုင်းအတာဟာ ဂျော့ဖလွိုက်ကို လူဖြူရဲက ဖမ်းဆီးထားပြီး  လည်ပင်းကို ဒူးနဲ့ ထောက်ပြီး ဖိသတ်တဲ့အချိန်အတိုင်းအတာအတိုင်း ဖြစ်ပါတယ်။  ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်ပြည်ထောင်စုတဝန်းမြို့ကြီးတွေမှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ် ခဲ့ရပါတယ်။  အခုအထက်လွှတ်တော်ဒီမိုကရက်အမတ်တွေ လုပ်ခဲ့တဲ့ အောက်မေ့ဖွယ်ရာ အခမ်းအနားဟာ ဖလွိုက်သေဆုံးခဲ့ရာ မင်နီယာနာပိုးလစ်မြို့မှာ လူရာပေါင်းများစွာတက်ရောက်ခဲ့တဲ့ အမှတ်တရအ ခမ်းအနားနဲ့ အပြိုင် လုပ်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up