A d v e r t i s e m e n t With Us

စင်ကာပူတွင်  ၈၁ နှစ်အရွယ် အဘိုးအိုအပါအဝင် ၃၃ ဦး လောင်းကစားမှုဖြင့် ဖမ်းဆီးခံရ

စင်ကာပူနိုင်ငံမှာ တရားမဝင်လောင်းကစားမှုနဲ့ ဖမ်းဆီးခံရသူအမျိုးသား ၃၃ ယောက်ထဲမှာ အသက် ၈၁ နှစ်အရွယ် အဘိုးအိုတယောက်လည်း ပါဝင်တယ်လို့ ချန်နယ် နယူးစ်အေးရှသတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှာ ရဲတွေက တရားမဝင် မြင်းပွဲလောင်းကစား လုပ်သူတွေကို စီမံချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိခဲ့သူတွေထဲ အသက် ၂၈ နှစ်ကနေ ၈၁ နှစ်ထိ ပါဝင်နေခဲ့တာပါ။  ရဲတွေ ပိုက်စိပ်တိုက်ရှာဖွေခဲ့တဲ့ နေရာတွေထဲမှာ Jalan Kukoh ၊ Bukit Merah ၊ Toa Payoh ၊ Ang Mo Kio ၊ Eunos Crescent ၊ Boon Lay Place နဲ့ Marsiling Road စတဲ့ နေရာတွေ ပါဝင်ပြီး စင်ကာပူဒေါ်လာ ၉ ထောင်၊ လောင်းကစားလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ လတ်တလောမှာတော့ အဆိုပါ အမျိုးသား ၃၃ ယောက်ကို လောင်းကစား ဥပဒေ၊ ရွှေ့ပြောင်းလောင်းကစားမှု ဥပဒေတွေနဲ့ အရေးယူသွားဖို့ ရှိနေတာပါ။ နောက်ပြီး သူတို့ဟာ လတ်တလော ကိုဗစ်-၁၉ ကပ်ဘေးကာလ လူမှုအလှမ်းခွာစည်းမျဉ်းစည်း ကမ်းတွေကို ချိုးဖောက်မှုအတွက်လည်း အရေးယူခံရနိုင်ဖွယ်ရှိတယ်လို့ ရဲတွေက ဆိုပါတယ်။ Source: CNA/ta(gs)

A d v e r t i s e m e n t With Us

More News
Up