ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့နှုန်း ၁၀ ရာခိုင်နှုန်းနီးပါးရှိလာ

931
လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ အနီးနားခရိုင်တွေမှာ အလုပ်လက်မဲ့နှုန်း ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုး လာခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ကာဆီကွန်းသုတေသနစင်တာရဲ့ ဆန်းစစ်ချက်တွေအရ ဒီစစ်တမ်းကို မေလ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ကောက်ယူခဲ့တာလို့ ဆိုပါတယ်။
စစ်တမ်းမှာပါဝင်ခဲ့သူတွေရဲ့ ၆၁ ဒသမ ၄ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ကြောင့် လော့ ခ်ဒေါင်း ကာလမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူတွေဖြစ်ကာ ကျန်တဲ့ ၃၈ ဒသမ ၆ ရာခိုင်နှုန်းကတော့ တခြားအကြောင်းတွေကြောင့် အလုပ်လက်မဲ့ဖြစ်ကြရတာလို့ ဖော်ပြပါတယ်။
အလုပ်ရှိသူ ၆ ဒသမ ၄ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ကုမ္ပဏီတွေဟာ ပိတ်လိုက်ဖို့ ဖြစ်နိုင်ချေရှိနေတယ်လို့ဖြေခဲ့ကြပြီး ၁၇ ဒသမ ၄ ရာခိုင်နှုန်းကတော့ ခုကာလမှာ အ လုပ်လုပ်စရာမလိုပဲ ရပ်နားဖို့ ညွှန်ကြားခံထားရတယ်လို့ ဖြေကြပါတယ်။
သုတေသနစင်တာရဲ့ အဆိုအရ အိမ်ထောင်စုတွေ အများစုဟာ အလုပ်လက်မဲ့ဖြစ်မှု ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေကြရပြီး တလကို ဝင်ငွေ ဘတ် ၂၀၀၀၀ အောက်သာ ရရှိကြတယ်လို့ ဆိုပါတယ်။
သုတေသနပညာရှင်တွက စစ်တမ်းကောက်ယူခဲ့သူတွေရဲ့ ၉၅ ဒသမ ၅ ရာခိုင်နှုန်း ဟာ လူမှုအလှမ်းခွာစည်းမျဉ်းတွေကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး သူတို့တွေထဲမှာ ၅၂ ဒသမ ၂ ရာခိုင်နှုန်းကတော့ ဝင်ငွေနည်းပါးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သုတေသနစာတမ်းမှာ ပါဝင်သူတွေရဲ့ ၂၅ ဒသမ ၄ ရာခိုင်နှုန်းကတော့ အစိုးရကို စီးပွားရေးပြန်လည် ထူထောင်နိုင်စေဖို့ ထိန်းညှိကြစေလိုတယ်လို့ သုတေသနစင်တာက ဆိုပါတယ်။