တိန်အန်မင်ရင်ပြင် အောက်မေ့ဘွယ်အခမ်းအနား ဟောင်ကောင်တွင်ကျင်းပ၊ ဆန္ဒပြသူများကို ဖမ်းဆီး

၁၉၈၉ တိန်အန်မင်ရင်ပြင် ဖြိုခွင်းမှု အောက်မေ့ဘွယ်အခမ်းအနားကို  တားမြစ်ထားတဲ့ကြား က  ဟောင်ကောင်မှာ ကျင်းပခဲ့ပြီး  ဆန္ဒပြသူတွေကို ရဲက ဖမ်းဆီးခဲ့ပါတယ်။  ဇွန်လ ၄ ရက်   အခမ်းအနားကို လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ပြီး ရဲက လူစုခွဲခဲ့ပါတယ်။ မောင်းကွတ်ခရိုင်မှာ ဆန္ဒပြသူ တချို့က  စုဝေးပြီး အရံအတားတွေ လုပ်ခဲ့တာကြောင့် ရဲတွေက ငရုပ်ကောင်းစပရေး နဲ့ လူစုခွဲရင်း ခဏတာ ပဋိပက္ခဖြစ်ခဲ့ပါတယ်။  ဟောင်ကောင်မှာ နှစ်စဉ် ကျင်းပနေကျ တိန်အန်မင်အောက်မေ့ဘွယ်အခမ်းအနားအတွင်း  ဒါဟာ ပထမဆုံးအကြိမ် မငြိမ်မသက် ဖြစ်ခဲ့တာပါ။  ဒီနှစ် အခမ်းအနားကို  ကိုရိုနာဗိုင်းရပ်စ် အကြောင်းပြချက်နဲ့ ရဲတွေက တားမြစ်ထားပါတယ်။ ဒါပေမဲ့ ဝိတိုရိယပန်းခြံမှာ  ထောင်နဲ့ချီတဲ့လူတွေ စုဝေးခဲ့ပြီး  “ဟောင်ကောင် လွတ်မြောက်ရေး”၊“တော်လှန်ရေးအချိန်ကျပြီ”ဆိုတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။  ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်က ပေကျင်းမြို့ တိန်အန်မင်ရင်ပြင်မှာ  ဒီမိုကရေစီဆန္ဒပြ ကျောင်းသားတွေကို  စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့ပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up