ဗီယက်နမ် ပထမဆုံး ဂေး ဟာသဇာတ်မြူး တီဗွီဇာတ်လမ်း
ဗီယက်နမ် ဟာသဇာတ်လမ်း တခုဖြစ်တဲ့ “ ကျနော့်ရဲ့ အရင်းနှီးဆုံးဂေးမိတ်ဆွေများ” ဟာ နိုင်ငံရဲ့ နောက်ဆုံး နာမည်ကျော် ယူကျူ့တခုဖြစ်နေပါတယ်။ ဒါဟာ ဗီယက်နမ်နိုင်ငံမှာ အမျိုးသားချင်း ချစ်သူ(Gay)၊ အမျိုးသမီးချင်း ချစ်သူ (Lesbian)၊ ကျားမ လိင် နှစ်မျိုးစလုံးကို စိတ်ဝင်စားသူ(Bisexual)၊ လိင်ပြောင်းထားသူ(Transgender) တွေရဲ့စရိုက်သဘာဝ အသားပေး ရိုက်ကူးထားတဲ့ ပထမဆုံး ဇာတ်လမ်းတွဲတခုလည်း ဖြစ်နေပါတယ်။
ဇာတ်လမ်းတွဲကို ပရိသတ်အားပေးမှုဟာ တနည်းအားဖြင့် လိင်တူချစ်ကြသူတွေကို ဗီယက်နမ် နိုင်ငံတ၀န်း ထောက်ခံမှုတွေ ကြီးမားလာတာကို ပြသနေတာပါပဲ။ ဒါ့အပြင် အခု ဇာတ်လမ်းတွဲဟာ အစိုးရက လိင်တူချင်း ထိမ်းမြားလက်ထပ်တာကို တရားဝင် ပြုလုပ်ဖို့ စဉ်းစားနေတဲ့အချိန်မှာ ထွက်ပေါ်လာတာပါ။
သတင်းထောက် လီယံဟုန်း (Lien Hoang) က ဟိုချီမင်းမြို့တော် ဟာသဇာတ်လမ်း ဖန်တီးသူတွေနဲ့ စကားပြောကြည့်ခဲ့ပါတယ်။