အမေရိကန် အကူအသက်ရှူစက်အလုံး ၁၅၀ ရုရှားနိုင်ငံ ရောက်ရှိ

အမေရိကန်နိုင်ငံက ရုရှားကိုကူညီတဲ့ အသက်ရှူစက် အလုံး ၁၅၀ ဟာ  ဇွန်လ ၄  ရက်က မော်စကိုမြို့ လေဆိပ်ကို ရောက်လာခဲ့ပါတယ်။  ဒါဟာ ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက်  အမေရိကန်ရဲ့  အသက်ရှူထောက်ကူကိရိယာ ဒုတိယအသုတ် ပို့ဆောင်မှု ဖြစ်ပါတယ်။  မေ ၂၁ ရက်ကလည်း အမေရိကန်ဟာ  ပထမအသုတ်အဖြစ် အသက်ရှူစက် အလုံး ၅၀ ကို ပို့ဆောင်ခဲ့ပါတယ်။  ဒါဟာ အမေရိကန် ပြည်သူတွေက ရုရှားပြည်သူတွေကို ပေးပို့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ  အကူအညီဖြစ်တယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ရေဗက္ကာရော့စ်က ပြောပါတယ်။    လှူဒါန်းမှု တစိတ်တပိုင်းအဖြစ် ရုရှားကို ပေးပို့ခဲ့တဲ့ စုစုပေါင်း အသက်ရှူစက် အလုံး ၂၀၀ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ  ၆ သန်း တန်ဖိုး ရှိတယ်လို့လည်း ရေဗက္ကာရော့စ်က ပြောခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up