ဇွန်လ ၅ ရက်မနက် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိ
DVB
·
June 5, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၇၅၀ ကို ဒီနေ့ မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ညကတော့ စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာအကယ်ဒမီမှာ Quarantine ထားရှိတဲ့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ သံဃာတော် ၂ ပါးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဆိုပါ သံဃာတော် ၂ ပါးကို စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် Isolated Ward သို့ပြောင်းရွေ့ပြီး ဆက်လက်ကုသသွားဖို့ရှိနေပါတယ်။
အိန္ဒိယနိုင်ငံကနေ ဒုတိယအသုတ် ပြန်လာတဲ့ သံဃာတော် ၆၇ ပါးထဲက ၂ ပါးတွေ့တာ ဖြစ်ပြီး မြန်မာပြည်ပြန်ရောက်တည်းက ဖျားနေတာလို့ သိရပါတယ်။
ဇွန်လ ၅ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း ၂၃၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၈ ဦးရှိပြီး ဒီအထဲက ၁၃၄ ဦး ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
PHOTO-MOHS